Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထုနဲ့ ရဲဘော်တွေပေးဆပ်မှု အချည်းအနှီးမဖြစ်ဖို့ တော်လှန်ရေးအင်အားစုအားလုံး အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်ကြဖို့ သံဃသမဂ္ဂ(မန္တလေး)က တိုက်တွန်း

ပြည်သူလူထုနဲ့ အရေးတော်ပုံတပ်သားတွေရဲ့ ပေးဆပ်မှုတွေ အချည်းအနှီးမဖြစ်ဖို့ တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုသွေးစည်းညီညွတ်စွာ အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်ဖို့ သံဃသမဂ္ဂ(မန္တလေး)က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ သြဂုတ် ၇ရက်က သံဃသမဂ္ဂ(မန္တလေး)က သံဃာတော်များ မန္တလေးမြို့၌ ဆန္ဒပြခဲ့စဥ်။ ဓာတ်ပုံ-CJ

သြဂုတ်-၈၊ ၂၀၂၅။ဇေအောင်/People’s Spring

ပြည်သူလူထုနဲ့ အရေးတော်ပုံတပ်သားတွေရဲ့ ပေးဆပ်မှုတွေ အချည်းအနှီးမဖြစ်ဖို့ တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုသွေးစည်းညီညွတ်စွာ အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်ဖို့ သံဃသမဂ္ဂ(မန္တလေး)က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ (၃၇) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သံဃသမဂ္ဂ(မန္တလေး)က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ တိုက်တွန်းလိုက်တာပါ။

၁၉၈၈ သြဂုတ် ၈ရက်မှာ စတင်ခဲ့တဲ့ လှုပ်ရှားမှုဟာ စစ်အာဏာရှင် စနစ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ (မဆလ)တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်ဖို့ ပြည်သူလူထု၊ ကျောင်းသားလူငယ်များ၊ သံဃာတော်များ၊ လယ်သမားများနဲ့ အလုပ်သမားများရဲ့ သတ္တိစွမ်းအားနဲ့ အစပြုခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဖြစ်ကြောင်း၊ သံဃာတော်များဟာလည်း ခေတ်အဆက်ဆက်ပြည်သူလူထုနဲ့အတူ တရားမျှတမှု၊ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးအတွက် တညီတညွတ်တည်း ရပ်တည်ခဲ့ကြတယ်လို့ သံဃသမဂ္ဂ(မန္တလေး)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

သံဃသမဂ္ဂ(မန္တလေး)အနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ စိတ်ဓာတ်ကို အလေးထား ဂုဏ်ပြုရင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲများမှာ ပြည်သူလူထုရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အလေးအနက် အသိအမှတ်ပြုကြောင်း၊ သံဃာသမဂ္ဂ(မန္တလေး)ဟာ ရှစ်လေးလုံး အရေးတော်ပုံမှ နွေဦးတော်လှန်ရေးအထိ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲများမှာ ကျဆုံးခဲ့ကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက အာဇာနည် သူရဲကောင်းများ၊ သံဃာတော်များ၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူအားလုံးအား ဦးညွှတ်ဂုဏ်ပြုကြောင်း၊ ၎င်းတို့ရဲ့ စွန့်လွှတ်မှုနဲ့ အသက်ပေးလှူမှုတွေဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ လမ်းပြစံနှူန်းအဖြစ် ထာဝရ ရပ်တည်နေမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တရားလက်လွှတ်သေဒဏ် ကျခံနေရသူတွေအပါအဝင် နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်မတွေဖြစ်ကြတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် စစ်အုပ်စုအား ပြည်တွင်းပြည်ပမှ စဥ်ဆက်မပြတ် တောင်းဆိုနေမှုတွေကို လိုက်နာဆောင်ရွက်ဖို့ အလေးအနက်တိုက်တွန်းတယ်လို့ သံဃသမဂ္ဂ(မန္တလေး)က အသိပေးပါတယ်။

ပြည်သူလူထုနဲ့ အရေးတော်ပုံတပ်သားတွေရဲ့ ပေးဆပ်နေရတာတွေဟာ အချည်းအနှီး မဖြစ်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ(EROs)၊ အခြားမိတ်ဖက်တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုသွေးစည်းညီညွတ်စွာ အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်ဖို့ အလေးအနက် တိုက်တွန်းတယ်လို့ သံဃသမဂ္ဂ(မန္တလေး)က ထပ်မံအသိပေးပါတယ်။

ဒီစည်းလုံးမှုဟာ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အဓိက အုတ်မြစ်ဖြစ်ကြောင်း၊

နိုင်ငံရေးဦးဆောင်သူတွေဟာ ပြည်သူလုထုရဲ့ အသံတွေကို နားထောင်ပြီး လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားလူမျိူးစုတွေရဲ့ ပါဝင်မှုကို ဦးစားပေးတဲ့ ဒီမိုကရေစီဆန်တဲ့ ဦးဆောင်မှုပုံစံကို ပြုပြင်ပြောင်းလဲဖို့တိုက်တွန်းတယ်လို့ သံဃသမဂ္ဂ(မန္တလေး)က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EROs)တို့အကြား ထိရောက်တဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်စာတမ်းကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က အကြံပြုပါတယ်။

ဒါ့အပြင် စစ်အနိုင်တိုက်ရေးကို ရှေ့ရှုပြီး “မူ”အပေါ် အခြေပြုတဲ့ သွေးစည်းညီညွတ်ရေးနဲ့ ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အလေးထား အကောင်အထည်ဖော်ဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

သံဃသမဂ္ဂ(မန္တလေး)အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို အပြည့်အဝ အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ဘက်ပေါင်းစုံက တော်လှန်တိုက်ပွဲဝင်နေကြတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးစုံ၊ ဘာသာစုံ အင်အားစုတွေကို အပြည့်အဝအားပေးထောက်ခံကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ဖို့နဲ့ တရားမျှတမှုနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ပြည်သူလူထုကို သံဃသမဂ္ဂ(မန္တလေး)က တိုက်တွန်းပါတယ်။

သံဃသမဂ္ဂ(မန္တလေး)ဟာ ရှစ်လေးလုံး အရေးတော်ပုံရဲ့စိတ်ဓာတ်ကို ကိုင်စွဲပြီး နိုင်ငံရေးဦးတည်ချက်များနဲ့အညီ ဗျူဟာမြောက် အစွမ်းကုန်ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သံဃသမဂ္ဂ(မန္တလေး)ထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သီးခြားမိန့်ကြားတာ မရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။

သတင်း

စစ်ကောင်စီက မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း သြဂုတ်လကုန်ပိုင်းမှစ၍ ကနီ နှင့်ပုလဲမြို့ကိုစစ်ကြောင်းများထိုးလာ၍ ဒေသခံ ၁၀,၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​တော်လှန်​ရေးအင်အားစုများနှင့် ​ဒေသခံများကပြောသည်။