Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေသေဆုံးမှု ရှမ်းတပ် SSPPနှင့် မိုင်းလားတပ် NDAA ဝမ်းနည်းဟုဆို

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတဦးမြင့်ဆွေ သေဆုံးမှုအပေါ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(SSPP)နှင့် မိုင်းလားတပ်ဖွဲ့(NDAA) တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

စစ်ကောင်စီ​၏ ကာလုံအစည်းအဝေးတွင် တွေ့ရသော ယာယီသမ္မတဦးမြင့်ဆွေနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ - စကစ

ဩဂုတ်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတဦးမြင့်ဆွေ သေဆုံးမှုအပေါ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(SSPP)နှင့် မိုင်းလားတပ်ဖွဲ့(NDAA) တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

ဩဂုတ် ၇ရက်က သေဆုံးခဲ့သော ဦးမြင့်ဆွေ ကောင်းရာသုဂတိလားပါစေကြောင်းနှင့် ကျန်ရစ်သူ မိသားစုဆွေးမျိုးများနှင့်အတူဝမ်းနည်းကြောင်း SSPP၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

မိုင်းလားတပ်ဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဦးမြင့်ဆွေ ကွယ်လွန်သည့်သတင်းကြားရ၍ လွန်စွာ စိတ်မကောင်းဖြစ်ရဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းတပ် SSPPနှင့် မိုင်းလားတပ် NDAA ကဲ့သို့ပင် ၀တပ်ဖွဲ့ UWSA ကလည်း ဦးမြင့်ဆွေ သေဆုံးမှု အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားသည်။ အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်နေသည့် အဖွဲ့များဖြစ်သည်။

ဦးမြင့်ဆွေသေဆုံးမှုအပေါ် ပြည်သူများက ဝမ်းသာပျော်ရွှင်နေချိန်တွင် စစ်ကောင်စီနှင့်ဆက်ဆံသည့် လက်နက်ကိုင်အဖွဲ့တချို့ကဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့နေသည်။

သေဆုံးသွားသည့် ယာယီသမ္မတဦးမြင့်ဆွေသည် စစ်အစိုးရလက်ထက် ၂၀၀၇ ရွှေဝါရောင်တောလှန်ရေးကာလတွင် ရန်ကုန်တိုင်းစစ်ဌာန စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် သံဃာထုအပေါ် အကြမ်းဖက်ဖြိုခွင်းရာတွင် စစ်တိုင်းမှူးအဖြစ်တာဝန်ယူထားသည့် မြင့်ဆွေသည် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သည်။

“သူတိုင်းမှူးလက်ထက်မှာ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ သံဃာတော်တွေကို ဖြိုခွင်းခဲ့တာပေါ့။ ဘယ်လောက်ထိအောင် ဖြိုခွင်းခဲ့လဲဆိုရင် ဦးဇင်းတို့ရဲ့စာသင်တိုက်တွေမှာ‌ဆိုရင် ညအချိန်မတော်ကြီးကို တံခါးပေါက်တွေကို ကားနဲ့တိုက်ပြီး ဖွင့် ၊ စစ်ကားနဲ့ ဖွင့် ၊ အတင်းအဓမ္မ သံဃာတော်တွေကိုရိုက်ပုတ်၊ မိတဲ့သံဃာ‌တော် တွေဆိုရင် လက်ပြန်ကြိုးတုပ်ပြီးတော့ ကတ္တရာလမ်းပေါ်မှာ ဒူးတုပ်ပြီးသွားခိုင်း ၊ နောက်က စစ်ဖိနပ်နဲ့ကန် ၊ အဲဒီလိုမျိုးထိ အောင်လုပ်ခဲ့သလို မေတ္တာသုတ်ရွတ်ဆိုတဲ့ သံဃာတော်တွေကိုလည်းပဲ သတ်ဖြတ်ပြီးတော့ ကျည်အစစ်တွေနဲ့ သတ်ဖြတ်ပြီးတော့ ဖြိုခွင်းခဲ့တာလည်း သူလို့ပဲပြောရမှာဖြစ်တယ်”ဟု ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာသုတ် ရွတ်နေသည့် သံဃာတော်များ​၏ ကျောင်းတိုက်များအား အတင်းအဓမ္မဝင်စီး ၊ သတ်ဖြတ် ၊ ရိုက်ပုတ်ပြီး ထောင်ဒဏ်များ နှစ် ရှည်အသီးသီးချခဲ့သည့် မြင့်ဆွေ​၏ ယုတ်မာမှုမှာ ကမ်းကုန်ကြောင်း ဆရာတော်က ဆက်မိန့်သည်။

စစ်ကောင်စီ​၏ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးခဲ့ရခြင်းမှာ တစ်နိုင်ငံလုံး​၏ ပြည်သူလူထု အပေါ်မှာ ယုတ်မာမှု​၏ ဒဏ်ကိုတန်ပြန်ခံစားခဲ့ရတာဟုလည်း ဆရာတော်က မိန့်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးက စစ်တပ်လက်အောက်ခံ SNAတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲဘော်တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ အတည်ပြုမရကြောင်း SSPP တပ်မှူးတဦးက ပြောပါတယ်။

အတွေးအမြင်

နှစ်အနည်းငယ်အတွင်း လူပြက်တစ်ယောက် ဖြစ်လာမယ့် စစ်ဗိုလ်ချုပ်တစ်ဦးက စစ်ရေးပြအခမ်းအနားတစ်ခုမှာ သူ့ကိုယ်သူ အရေးပါဆုံးလူတစ်ယောက်လို ပုံဖမ်းထားပါတယ်။