Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်အချင်းချင်းကြား တိုက်ပွဲအချို့ဆက်ဖြစ်​နေ​သော်လည်း ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးအဖြေရှာမည်ဟု နှစ်ဖက်တာဝန်ရှိသူများပြော

ချင်းညီနောင်အဖွဲ့ဝင်နှင့်ချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းတော်လှန်ရေးတပ် ဖွဲ့အချို့အကြားဩဂုတ်လဆန်းပိုင်းအတွင်း တိုက်ပွဲအချို့ ဆက်ရှိနေသော်လည်း ပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ် ၊အိုက်ဇောလ်မြို့တွင် ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး ချင်းအမျိုးသားကောင်စီဖွဲ့စည်းရန်သဘောတူခဲ့ကြသည့်နှစ်ဖက် ကိုယ်စားများနှင့် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်တို့အား ၂၀၂၅ ဖေဖော်ဝါရီ ၂၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်ကောင်စီ

ဩဂုတ်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင်နှင့်ချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းတော်လှန်ရေးတပ် ဖွဲ့အချို့အကြားဩဂုတ်လဆန်းပိုင်းအတွင်း တိုက်ပွဲအချို့ ဆက်ရှိနေသော်လည်း ပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

ချင်းညီနောင်အဖွဲ့ဝင်မရာကာကွယ်ရေတပ်(MDF)နှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်သည့် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်များအကြား သြဂုတ်လဆန်းပိုင်း၌ထန်တလန်မြို့နယ်အတွင်းတိုက်ပွဲ ဆက်ရှိနေသည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအပေါ် အပြန်အလှန် စွပ်စွဲထားသည်။ MDFနှင့်အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ ဘက်ကပြောဆိုမှုရှိသကဲ့သို့ CNA ဦးဆောင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်က ထိုးစစ်ဆင်လာခြင်းဖြစ်ဟု ချင်းညီနောင်ဘက်က ပြောဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းအချင်းချင်းအကြား ပြဿနာများ ဆွေးနွေးဖြေရှင်းမှု ပြုလုပ်နိုင်ခြင်းရှိ၊ မရှိ ချင်းပြည်ကောင်စီ ဘက်သို့ မေးမြန်းရာ ပြုလုပ်နေဆဲဖြစ်ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဩဂုတ် ၁ရက်တွင် ပြောထားသည်။

ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန်ကလည်းဆွေးနွေးမှုများလုပ်ဆောင်ရန်လက်တွေ့ကျသည့်ခြေလှမ်းများလှမ်းရန်လိုအပ် ကြောင်းဩဂုတ် ၈ရက်တွင် ပြောသည်။

“ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးကြဖို့ နည်းလမ်းတော့ရှာရမှာပေါ့။ ဒါက ထားလို့မှ မရဘဲ။ နည်းလမ်းတခုခုရှာကြမယ်။ တနည်းမဟုတ်တနည်းနဲ့တော့ ပဋိပက္ခတွေ အဆုံး သတ်ရမှာပဲ။..။ဘယ်လိုဖြစ်လာမလဲဆိုတာက ၀ိုင်းဝန်းအလုပ်လုပ်ရမှာပေါ့။ ၀ိုင်းဝန်းကြိုးစားရမှာပေါ့” ဟု ဆလိုင်းယောမာန်က ပြောသည်။

ချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ဟွားငိုးရမ် ၊ CNA တို့သည် ဇူလိုင်လအတွင်းကလည်း ဖလမ်းမြို့နယ်အတွင်း နယ်မြေဆိုင်ရာ နှင့်ပတ်သက်၍တိုက်ပွဲများ ဖြစ်ခဲ့သည်။

ချင်းအချင်းချင်းအကြား တိုက်ပွဲများ ပြဿနာများအဆုံးသတ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook