Connect with us

Hi, what are you looking for?

သတင်း

KNU မြိတ်-ထားဝယ်ခရိုင်ကရင်လူငယ်တွေ့ဆုံပွဲ တော်လှန်ရေး၊နိုင်ငံရေး၌ လူငယ်များ ပိုမိုပါဝင်ရေးဆွေးနွေး

ကရင်အမျိုးသားအစည်အရုံး(KNU) မြိတ် – ထားဝယ်ခရိုင်တွင် ခရိုင်ကရင်လူငယ်အစည်းအရုံး (KYO)က ဦး‌ဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ကြောင်း အဆိုပါခရိုင်က သတင်းထုတ်ပြန်သည်။

မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်တွေ့ဆုံပွဲ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်အရုံး(KNU) မြိတ် – ထားဝယ်ခရိုင်တွင် ခရိုင်ကရင်လူငယ်အစည်းအရုံး (KYO)က ဦး‌ဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ကြောင်း အဆိုပါခရိုင်က သတင်းထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ် ၉ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး KNU မှ တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့သည်။

“ဒါကတော့ရည်မှန်းချက်ရည်ရွယ်ချက်ကတော့ လူငယ်တွေ တော်လှန်ရေးအခန်းကဏ္ဍ မှာ ပိုမိုပူးပေါင်းပါဝင်လာဖို့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပိုမိုပူးပေါင်းပါဝင်လာဖို့ ကျနော်တို့လူငယ်တွေကို အဓိကကရင်လူငယ်တွေကိုမူးယစ်ဆေးဝါး သုံးတာ ပိုနည်းလာဖို့ အဓိက တိုင်ပင်ခဲ့တာ” ဟု KYO မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးစောအယ်ထီးကော် က ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းဆွေးနွေးပွဲသို့မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်များ၊ ခရိုင်အတွင်းဌာနဆိုင်ရာလူငယ်များ၊ ထီးမိုပွာကျေးရွာခေါင်းဆောင်များနှင့်လူငယ်ခေါင်းဆောင်များ၊ KNLA၊ KNDO တပ်ပိုင်းဆိုင်ရာလူငယ်များ စုစုပေါင်း(၁၄၉)ဦးတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

နိုင်ငံရေး၊ တော်လှန်ရေး၌ ကရင်လူငယ်များပိုပါဝင်လာနိုင်ရေးအပြင် ကရင်လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန် နှင့် ကရင်လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုနည်းလာရန် အကြာင်းအရာ(၄)ခုဖြစ်ဆွေး‌နွေး အဖြေရှာခဲ့ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၁၁ခုသာ ကျန်ရှိတော့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း မြန်မာ-ထိုင်းနယ်စပ် တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင် (မူတြော်) ၊ KNU တပ်မဟာ (၅) နယ်မြေ ထိုင်းနယ်စပ်အနီးကအူးမယ်ထာကျေးရွာကိုဒီနေ့ ( ဧပြီလ ၂၀ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်လာတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဖားအံ(ဘားအံ) မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်လျက်ရှိကြောင်း သထုံခရိုင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Facebook