Connect with us

Hi, what are you looking for?

သတင်း

စစ်ရှုံးစစ်ကောင်စီလက်ချက်ကြောင့် ရက္ခိုင်ပြည်သူ ၉၀၀ကျော်သေဆုံး၊ ၂,၀၀၀နီးပါး ဒဏ်ရာရဟု AA ပြော

စစ်ဘေး၊ရေဘေးဒုက္ခသည် ၆သိန်းကျော်ရှိ၊ပြည်တွင်း၊ပြည်ပအကူအညီများ စစ်ကောင်စီပိတ်ပင်ထား

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာမှ နေအိမ်တစ်လုံးကို ၂၀၂၄ အောက်တိုဘာ ၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-APM

ဩဂုတ်-၁၁၊ ၂၀၂၅။ နေ့သစ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက စစ်ရေးအရ ခေါင်းမဖော်နိုင်အောင်ရှုံးနိမ့်နေ၍ ရက္ခိုင်ပြည်သူများအားပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ဖမ်းဆီးသတ်ဖြတ်၊ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၉၀၀ ကျော်သေဆုံးကာ ၂,၀၀၀နီးပါး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(ဩဂုတ် ၁၁ရက်) သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

စစ်ရှုံးစစ်ကောင်စီက ၎င်းတို့ မနိုင်မနင်းထိန်းသိမ်းနေရသည့် စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် မြို့နယ်သုံးခုက အပြစ်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်အနိုင်ကျင့် သတ်ဖြတ်နေသကဲ့သို့ အာရက္ခ တပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကိုလည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်း ၊ ရေကြောင်း လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု ဦးခိုင်သုခက ပြောသည်။

မြေပြင်မှတ်တမ်းများအရ စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၉၂၆ ဦးသေဆုံးကာ ၁၉၅၄ဦး ဒဏ်ရာရရှိပြီး ဖမ်းဆီးခံရသူ ၉၄၇ ဦး ရှိကြောင်း ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

“ဤထက်မကလည်းများနိုင်ပါသေးတယ်”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီး၊ မီးရှို့မှုများကြောင့် ပြည်သူ လူထုနေအိမ် ၁၀,၅၀၂လုံး ဘာသာရေးအဆောက်အဦး ၉၀၊ စာသင် ကျောင်း ၄၅ကျောင်း၊ ဆေးရုံဆေးခန်း ၁၂ခု၊ တံတား ၁၂ခု၊ UN/INGO/ NGOအဆောက်အဦး များအပါအဝင် အဆောက်အအုံ ၁၁၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ULA/AAက ရှိသည့် အရင်းအမြစ်ဖြင့် တက်နိုင်သမျှ တည်ဆောက်ပေးနေသည်ဟု ပြောသည်။

ရက္ခိုင်ပြည်သူများသည် စစ်ဘေးဒဏ်၊ သဘာ၀ဘေးဒဏ်များကို အပြင်းထန်ဆုံး ခံစားနေရဟု ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုကြောင့်ဘေးလွတ်ရာသို့ထွက်ပြေးကြရသူများရှိသကဲ့သို့ သဘာ၀ဘေးကြောင့် မြို့ရွာအိုးအိမ်များ စွန့်ခွာရသည့် ပြည်သူ များစွာရှိနေသည်ဟု ဦးခိုင်သုခက ပြောသည်။

မှတ်တမ်းများအရဘေးဒဏ်အမျိုးမိုးကြောင့်နေရပ်စွန့်ခွာ ပြည်သူ ၆သိန်းကျော်ရှိ ပြီး စစ်ဘေးရှောင်မိသားစုနှင့် မိုးရာသီ ရေဘေးကြောင့် ဒုက္ခ ရောက်နေသည့် မိသားစုများ ပါဝင်ကြောင်း အသိပေးသည်။

၎င်းတို့သည် အဆင်ပြေရာ၌ ခိုလှုံနေကြရသည်ဟုဆိုသည်။

ကုလနှင့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့များ၏ အကူအညီများ စစ်ကောင်စီ ပိတ်ထား၍ ဒုက္ခသည်များ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေသည်ဟု ပြောသည်။

“နိုင်ငံတကာ နဲ့ ပြည်ပ ကူညီရေးအဖွဲ့အစည်းတွေအနေနဲ့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လူသားချင်းစာနာမှုနှင့် ညှိနှိုင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HTCO)နဲ့ ချိတ်ဆက်ပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေကို အခုထက် ပိုလို့ ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့ လိုအပ်ပါကြောင်း အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်”ဟု ဦးခိုင်သုခက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။