Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စုမှ ခုန်ချထွက်ပြေးသည့် ဒုရဲအုပ်နှင့် တပ်သားသစ်နှစ်ဦးအား စောင့်ရှောက်ထားဟု PDFစစ်ရုံးချုပ် ထုတ်ပြန်

ဗန်းမော်မြို့သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ်တစ်ဦး နှင့် စစ်မှုထမ်းတပ်နှစ်သားသစ်ဦးအား စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)၊ စစ်ရုံးချုပ်က ယနေ့ ဩဂုတ် ၁၁ရက်တွင် ထုတ်ပြန်သည်။

စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလာသူ သုံးဦး၏ ရုပ်ပုံအား PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ - MOD

ဩဂုတ်-၁၁၊၂၀၂၅။ ထားမြတ်/People’s Spring

ဗန်းမော်မြို့သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ်တစ်ဦး နှင့် စစ်မှုထမ်းတပ်နှစ်သားသစ်ဦးအား စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)၊ စစ်ရုံးချုပ်က ယနေ့ ဩဂုတ် ၁၁ရက်တွင် ထုတ်ပြန်သည်။

မန္တလေးမြို၊ ဂေါ်ဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဦးတည်ခုတ်မောင်းခဲ့သည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်၍ တိုက်ပွဲဖြစ်စဉ် စစ်သင်္ဘောပေါ်၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဒုရဲအုပ် သူရအောင်နှင့် အဓမ္မလူသစ်စုခံရသူ တပ်သားသစ် ဟန်ဝင်းအောင်၊ ပိုင်ထက်အောင်တို့ သင်္ဘောပေါ်မှ ခုန်ချထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်ဟု ဖော်ပြသည်။

စစ်တပ်၏ ဖိနှိပ်မှုများကြောင့် စစ်သင်္ဘောပေါ်ပါလာသည့် စစ်သားများနှင့် အဓမ္မလူသစ်စုဆောင်းခံရသူများကြားတွင် စိတ်ဓာတ်ကျဆင်းမှုများ ပေါ် ပေါက်လျက်ရှိကာ စစ်တပ်ထံမှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်မှုများရှိခဲ့ကြောင်းထွက်ပြေးလာသူများကထွက်ဆိုသည်ဟုထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗန်းမော်မြိုသို့ စစ်ကူနှင့် ရိက္ခာပေးပိုနိုင်ရန် စစ်သင်္ဘော (၁၇) စီးထက်မနည်းသည် ဇူလိုင်လဆန်းပိုင်းမှ စတင်၍ ဂေါ်ဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်အဖွဲအသီးသီးတို့က သပိတ်ကျင်း၊ စဉ့်ကူး၊ ကသာ၊ ရွှေကူ၊ ဗန်းမော် မြို့နယ်များအတွင်း မြစ်ကြောင်းတလျှောက် အဆင့်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

PDF ပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့်သပိတ်ကျင်းမြို့နယ် တိုက်ပွဲများအတွင်း စစ်သင်္ဘောအုပ်စုမှ သင်္ဘောတစ်စီးနစ်မြုပ်ကာ အချို့ မီးလောင်ပျက်စီးခဲ့သည်။

အလားတူကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်၏တိုက် ခိုက်မှုကြောင့်လည်းရွှေကူနှင့် ဗန်းမော်မြို့နယ်ကြားတွင် စစ်သင်္ဘော ၆စီးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု KIAက အသိပေးထားသည်။

စစ်သင်္ဘောအုပ်စုမှ ၁၁စီးခန့်သည် ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ ဆိုက်ကပ်နိုင်ခဲ့သည်ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားသည်။

အဆိုပါသင်္ဘောအုပ်စုဆိုက်ရောက်ပြီးနောက်စစ်ကောင်စီကစစ်ရေးလှုပ် ရှားမှု ထိုးစစ်ဆင်မှုကို လေကြောင်း၊ ဒရုန်း အကူများ ဖြင့် ပြုလုပ်ခဲ့ရာ လက်ရှိအချိန်ထိ ဗန်းမော်မြို့၌ စစ်ကောင်စီတပ်နှင့် KIAပူးပေါင်းတပ်အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။