Connect with us

Hi, what are you looking for?

သတင်း

အားလုံးညီညွတ်မှ အောင်ပွဲနွှဲနိုင်မည်ဟု KNU ဒုစစ်ဦးစီးချုပ်ပြော

ကရင်အမျိုးသားများအားလုံး ပေါင်းစည်းလုပ်ဆောင်ရန် အရေးကြီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

KNLAဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော် မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားများအားလုံး ပေါင်းစည်းလုပ်ဆောင်ရန် အရေးကြီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

ယနေ့ ဩဂုတ် ၁၂ရက်တွင် ကျရောက်သည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU/KNLA ဒုစစ်ဦးစီးချုပ်က အာဇာနည်နေ့ဂုဏ်ပြု မိန့်ခွန်းပြောကြားခဲ့ရာ ညီညွတ်ရေးလိုအပ်မှုကို ထည့်သွင်း ပြောကြားသည်။

သက်ရှိထင်ရှားရှိနေကြသူများအနေဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်း

Public Service Announcement

Public Service Announcement

အသက်ပေးခဲ့ကြသည့် အာဇာနည်များ လိုလားသည့် ရည်မှန်းချက်ပန်းတိုင် ဖြည့်ဆည်းနိုင်ရန် ကျင့်ကြံ လှုပ်ရှားရမည့် တာဝန်ရှိဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။

“ကျနော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ အရေးကြီးတယ် ဘာဖြစ်လို့လဲဆိုတော့ အာဇာနည်တွေကို ကျနော်တို့တန်ဖိုးထားလို့ပဲ ဖြစ်တယ်။ ပေးဆပ်သွားတဲ့ အသက်တွေကို တန်ဖိုးထားသလို သက်ရှိ ရှင်သန်နေသေးတဲ့ အသက်တွေကိုလည်း တန်ဖိုးထားရမှာ ဖြစ်တယ်။ တဦးကို တဦး တန်ဖိုးထားပြီး ပေါင်းစည်းလုပ်ဆောင်မှသာလျင် ကျနော်တို့တတွေ အင်အားရှိလာမှာ ဖြစ်တယ်။ စည်းလုံးညီညွတ်မှ အောင်ပွဲနွှဲနိုင်မယ်” ဟု ဒုစစ်ဦးစီးချုပ် စောဘော်ကျော်ဟဲက ပြောကြားသည်။

ထို့ပြင် ကရင်လူမျိုး အားလုံးအနေဖြင့် ကရင်ံ့အမျိုးသားအာဇာနည်နေ့ကို တန်ဖိုးထားပြီး ဂုဏ်ပြု ကျင်းပရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ ကရင့်အာဇာနည်နေ့ကို အသိအမှတ်ပြု ဂုဏ်ပြုရာ၌ အပေါ်ယံအနေဖြင့် ဂုဏ်ပြုခြင်းမျိုးပဲ မဟုတ်ဘဲ ယုံကြည်ချက် ရပ်တည်ချက်အပေါ် ခိုင်မာစွာ ရပ်တည်လုပ်ဆောင်ကြရမည်ဟုလည်း ဒုစစ်ဦးစီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။