ဩဂုတ်−၁၄၊ ၂၀၂၅/People’s Spring
မြန်မာ−ထိုင်းနယ်စပ်မြို့ဖြစ်တဲ့မြဝတီမြို့မှာ စက်သုံးဆီစတင်ပြတ်လပ်နေပြီး ဆီဆိုင်အချို့ပါ ပိတ်ထားရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကရင်ပြည်နယ် ဘားအံမြို့ကနေ မြဝတီမြို့ဘက်သွားတဲ့ လမ်းပိုင်းကို စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတင်ကားတွေ သွားလာခွင့် ပိတ်ပင်လိုက်တာလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
“စက်သုံးဆီဆိုင်များ တချို့ပိတ်နေပြီး ဖွင့်ထားတဲ့ ဆိုင်များတွင်လည်း ဆိုင်ကယ်၊ ကားများတိုးဝှေ့ ဝယ်ယူနေကြောင်းသိရ။ဆီဘောက်ဆာကားများ မြဝတီသို့ ဘားအံဘက်မှရောက်ရှိလာခြင်းမရှိသည့်အတွက် ဓါတ်ဆီများစတင်ပြတ်လပ်နေပြီ”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ကရင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့အတွက် စက်သုံးဆီတွေအပါအဝင် ကန့်သတ်ပိတ်ပင်လိုက်တာလို့ ကရင်ပြည်နယ်က စစ်ရေးသုံးသပ်သူအချို့က ပြောပါတယ်။
ထိုင်းအစိုးရကလည်း မြဝတီမြို့ကို လျှပ်စစ်မီးနဲ့ လောင်စာဆီပိတ်ဆို့ဖြတ်တောက်ထားပါတယ်။ ထိုင်းအစိုးရက လူကုန်ကူးမှုတွေရှိရာ ကရင်ပြည်
နယ် မြဝတီဒေသကို ပေးပို့နေတဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ရက်ကစပြီး ပိတ်ဆို့ဖြတ်တောက်ထားပါတယ်။
“တချို့ကတော့ မဲဆောက်ကို ကားနဲ့သွားပြီး ဝယ်ကြဖို့ လုပ်နေတာပေါ့။ မဲဆောက်ကကြ ဆီပုံးတွေနဲ့ သယ်မရဘူး။ကားထဲအပြည့်ထည့်ရင်တော့ရတယ်”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။


















































