Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ဖို့ စစ်ကောင်စီကို တရုတ် ထပ်ပြော

အပစ်အခတ်ရပ်စဲကာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက တိုက်တွန်းပြောကြားပါတယ်။

ဓာတ်ပုံ - တရုတ်သံရုံး

သြဂုတ်-၁၅၊ ၂၀၂၅။ People’s Spring

အပစ်အခတ်ရပ်စဲကာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက တိုက်တွန်းပြောကြားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ ယူနန်ပြည်နယ် အန်းနင်မြို့မှာ ပြုလုပ်တဲ့ (၁၀)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်းစစ်ကောင်စီကို ရွေးကောက်ပွဲကတဆင့် အချက် ၃ ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း ပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပထမတစ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ဖို့၊ ဒုတိယတစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယတစ်ချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုဆောင်ရွက်ကာ ပြည်သူတွေရဲ့ လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို လမ်းညွှန်ချက်ပေးပါတယ်။

မစ္စတာဝမ်ယိက စစ်ကောင်စီအနေနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်မိကြောင်း ပြောပါတယ်။ ဒါ့အပြင် တံခါးဖွင့်ကာ အားလုံးပါဝင်တဲ့ စိတ်သဘောထားရှိပြီး ပြည်သူတွေရဲ့ စိတ်ဓာတ်ကို စည်းရုံးဖို့ အလေးထားသင့်ကြောင်းလည်း စစ်ကောင်စီကို သတိပေးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ မျှော်လင့်မိကြောင်း မစ္စတာဝမ်ယိက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို နောက်ထပ်တဆင့်တိုက်ဖျက်ကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်ရာမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ထောက်ခံအားပေးကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook