Connect with us

Hi, what are you looking for?

သတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်​ကြောင့်ရေဘေး ဆက်လက်သတိပေး

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းနှင့်ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ခု၌ မိုးကြီးနိုင်ပြီး ဩဂုတ်လ တတိယလပတ်အတွင်း ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကို MOHADMက ဆက်လက်သတိပေးထားသည်။

ကချင်ပြည်နယ် ၊လိုင်ဇာတွင် သြဂုတ်လဆန်းပိုင်းက​ရေကြီးစဥ်။ ဓါတ်ပုံ-CJ 

သြဂုတ်-၁၇၊၂၀၂၅။လူအေး/People’s Spring

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းနှင့်ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ခု၌ မိုးကြီးနိုင်ပြီး ဩဂုတ်လ တတိယလပတ်အတွင်း ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကို MOHADM က ဆက်လက်သတိပေးထားသည်။

ဩဂုတ်လ ၁၈ရက်မှ ဩဂုတ်လ ၂၄ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးပြီး နောက်ဆက်တွဲ ရေကြီးခြင်း၊ မြေပြိုခြင်း၊တောင်ပြိုခြင်းနှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင်ကမ်းပါးပြိုခြင်းများဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

အထက်ပါဒေသများ၌ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်တို့တွင် ဩဂုတ်လ လဆန်းပိုင်းမှစ၍မိုးသည်းထန်စွာရွာသွန်း၍ရေဘေးကြုံတွေ့ခဲ့သည်။လူ​သေဆုံး ​နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုလည်း မိုးကြီးနိုင်ကြောင်း သတိပေးနေ၍ ရေဘေးအန္တရာယ်ပိုမိုကြီးမားလာမည်ကို ‌ဒေသခံများက စိုးရိမ်နေကြသည်။

ဩဂုတ်လလဆန်းပိုင်းကကချင်ပြည်နယ်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဒေသ လိုင်ဇာမြို့နှင့်ပတ်ဝန်းကျင်ဒေသများ၊ရှမ်းပြည်နယ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ကရင်ပြည်နယ်မှ သံတောင်ကြီးမြို့တွင် မိုးသည်းထန်ပြီး တောင်ကျရေဘေးနှင့် မြေပြုမှုဘေး ဖြစ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လနှင့်ဇူလိုင်အတွင်းတောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်တို့တွင် ရေဘေးကြုံတွေ့ခဲ့ပြီး လူဦးရေလေးသောင်းကျော် ဘေးသင့်ကာ ၂၁ဦး ခန့် သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာ ထောက်ပံ့ရေးရုံး (HDCO)က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုရှိနေပြီး လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းထပ်မံဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ၏ MOHADMက သတင်းထုတ်ပြန်ထားသည်။အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေ၍ ရေဘေးသတိပေးခြင်းဖြစ်​ကြောင်းအသိ​ပေးထားသည်။ရန်ကုန်မြို့တွင်လည်း ဩဂုတ်လဆန်းမှစ၍ မိုးကောင်း‌ခဲ့ပြီး ယနေ့လည်း မိုးဆက်ရွာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။