Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

ဒေသအများအပြားကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်စစ်ကောင်စီကယနေ့(ဩဂုတ် ၁၈ရက်) နံနက် ၉နာရီခွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သီပေါမြို့အား စစ်ကောင်စီက ဩဂုတ်၉ရက်တွင် ပေါင် (၂၅၀)ဗုံးသုံးလုံးလာရောက်ကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဩဂုတ်−၁၈၊၂၀၂၅။လူအေး/People’s Spring

ဒေသအများအပြားကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်စစ်ကောင်စီကယနေ့(ဩဂုတ် ၁၈ရက်) နံနက် ၉နာရီခွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သီပေါမြို့ပေါ်အပါအဝင် နေရာနှစ်ခုကို ‌ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လေကြောင်းမှ ထပ်မံကင်းထောက်နေ၍ ဒေသခံများ အပြင်မထွက်ရဲကြသေးဘဲ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

“အရင်တစ်ခါကြဲတဲ့မြို့ထဲရပ်ကွက်ကို ကြဲတာပါ။ အပြင်ကိုမထွက်ရဲကြ‌သေးဘူး။ ဒီရက်ထဲမှာ မိုးကလည်း‌ကောင်းတော့ ဗုံးခိုကျင်း‌တွေလည်း ပျက်။ အခုဂျက်ဖိုက်တာ ထပ်တက်လာတယ်တဲ့”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သီပေါမြို့ကို တအာင်းတပ်မတော်(TNLA)ဦးဆောင်သည့် ပူးပေါင်းတပ်များက ၁၀၂၇ စစ်ဆင်ရေးဖြင့် ၂ဝ၂၄ ဩဂုတ်တွင် သိမ်းယူထားသည့် သီပေါ်မြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်ကစတင်ကာ မကြာခဏဗုံးကြဲနေသည်။

သီပေါမြို့သည် ကျောက်မဲမြို့နှင့်အတူ မန္တလေး-မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်၌ တဆက်တည်းရှိပြီး ပြီးခဲ့သည့် ဇူလိုင်ကလည်း စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မ‌ကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်ပြည်နယိတို့မှ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့များကို ဗုံးကြဲနေသည်။

သြဂုတ်လ ၁၆ ရက်နေ့က ကရင်နီပြည်နယ် မော်ချီဒေသကို ဗုံးကြဲရာ ကလေးငယ်အချို့အပါအဝင် ၂၂ ဦးသေဆုံးပြီး ဩဂုတ် ၁၄က်က မိုးကုတ်မြို့ ဗုံးကြဲရာ အရပ်သား ၂၁ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာနေရာများကို ဦးတည်ပြီးတိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့်အင်အားပြင်းဗုံးများနေ့စဉ်ရက် ဆက်ကြဲချနေပြီး ထိုစစ်ရာဇဝတ်မှုများအမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီပေးရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင်နိုင်ငံတကာအားTNLAကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။