Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်တပ် လေကြောင်းထပ်တိုက်၊ သံဃာ ၁ပါးနဲ့ ပြည်သူ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ နပဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာ ၁ပါးနဲ့ ပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ဓမ္မာရုံ။ ဓာတ်ပုံ - Wetlet Informational Network

ဩဂုတ်-၁၈၊၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ နပဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာ ၁ပါးနဲ့ ပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၀နာရီ ဝန်းကျင်မှာ တံတားဦး လေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဘုန်းကြီး ကျောင်းဝန်းအတွင်းကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ဓမ္မာရုံ။ ဓာတ်ပုံ – Wetlet Informational Network

ဗုံးကြဲခံရမှုမှာ အသက် ၇၀အရွယ် ကိုရင်ကြီးတစ်ပါး၊ အသက်၇၀ ဝန်းကျင်အရွယ် အဘွားအိုတစ်ဦးနဲ့ အသက် ၁၁နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိပါဘူး။ ဘုန်းကြီးကျောင်းကို လာကြဲသွားတာ။ အသေဆုံးတော့မရှိဘူး။ သုံးဦးထိခိုက်ပြီး ဓမ္မာရုံတစ်ခု‌တော့ပျက်ဆီးသွားတယ်”လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေပြီး ဩဂုတ် ၁၅ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့တောင်ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်သွားပါသေးတယ်။

ဩဂုတ် ၁၁ရက်ကနေ ၁၃ ရက်အထိလည်း စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းကို သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ ၇ဦးထပ်မနည်း သေဆုံးကာ ပြည်သူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook