Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမပေါ်က စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက်၊ လက်နက်ခဲယမ်းအချို့ရပြီးစစ်သုံ့ပန်း ၃ဦးဖမ်းမိ

ပဲခူးရိုးမပေါ်မှာရှိတဲ့စစ်တပ်ဂိတ်နဲ့အထိုင်စခန်းကို တိုက်ခိုက်ပြီးနောက်သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့အတူတွေ့ရတဲ့ PDF တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ - PPDF

သြဂုတ်-၁၈၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာတပ်စွဲထားတဲ့ အထိုင်စခန်းတစ်ခုကို ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ရတဲ့အပြင် စစ်သုံ့ပန်းအချို့လည်းဖမ်းမိခဲ့တယ်လို့ ပြည်ခရိုင် တပ် ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။

သြဂုတ် ၁၅ ရက်နေ့မနက် ၅ နာရီ ၂၀ လောက်က ပဲခူးရိုးမဖြတ်လမ်း၊ပေါက်ခေါင်းနဲ့ အုတ်တွင်းကြား ဘော်ဒါကျေးရွာမှာအင်အား(၄၂)ဦး ဂိတ်ချပြီး အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဗျူဟာ(၂၁)ကွက်ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ်(၁) ၃၆၀၁ တပ်ရင်း၊ ပြည်ခရိုင်အ မှတ်(၂) ၃၆၀၂ တပ်ရင်းနှင့် တောင်ငူခရိုင်အ မှတ်(၁) ၃၅၀၁ တပ်ရင်းတို့ပူးပေါင်းတိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ သုံးဦးအရှင်ဖမ်းမိခဲ့ပြီး ကျန်တဲ့စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ထွက်ပြေးသွားတယ်လို့ တပ်ရင်း ၃၆၀၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီဂိတ်စခန်းကစစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းမှပေါ်လာတဲ့ဂိတ်စခန်းတစ်ခုပေါ့။ဒိအရင်ကတော့ အဲနေရာမှာ သစ်တောဂိတ်ပဲရှိတယ်”လို့ စစ်တပ်ဂိတ်စခန်းချထားတဲ့အခြေ အနေကို ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက People’s Spring ကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ထံမှ MA3(၂)လက်၊ MA11(၁)လက်၊ အူစီ(၁)လက်၊ပစ္စတို(၁)လက်၊ ကျည်မျိုးစုံ(၂၇၆)တောင့်၊ ရှေ့ထွက်မိုင်း(၁)လုံး၊ ကျည်ဘောက်(၁၃)ဘောက်၊I Com(၁)လုံး၊ ဖုန်း(၄)လုံး၊ ဆက်သွယ်ရေးအ ထိုင်စက်(၁)လုံးနဲ့ စစ်အသုံးဆောင်ပစ္စည်းတွ သိမ်းဆည်းရရှ်ိခဲ့တယ်လို့ တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီအထိုင်စခန်း (၄)ခုအနက် စာသင်ကျောင်းကုန်းသစ်တောကုန်း၊ ဆက်သွယ်ရေးကုန်းများကို မီးရှိုနိုင်ခဲ့ပြီးစစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက် ငယ်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က Gyrocopter ဖြင့် ပေါင်(၃၀၀)ဗုံးသီး(၁)လုံးကြဲချခဲ့သလို ည ၇ နာရီလောက်မှာ paramotor နှစ်စီးနဲ့ ကြိမ်ချောင်းရွာထဲကို ပေါင် ၃၀၀ ဗုံးသီးလေးလုံးကြဲချခဲ့တယ်လို့ တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကြိမ်ချောင်းရွာမှ ပြည်သူခြောက်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Facebook