Connect with us

Hi, what are you looking for?

သတင်း

ခလရ(၁၃၅)စခန်းသိမ်းတိုက်ပွဲ ရဲဘော်နှစ်ဦးကျဆုံးဟု ဖားဆောင်းPDF ထုတ်ပြန်

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်း ခလရ(၁၃၅) တပ်ရင်း စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရာတွင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း ဖားဆောင်းပြည့်သူကာကွယ်ရေးတပ်က ယနေ့ (ဩဂုတ် ၁၉ရက်) ထုတ်ပြန်သည်။

ကျဆုံးခဲ့ရသော ရဲဘော်နှစ်ဦး​၏ နာရေးအား ပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဖားဆောင်း PDF

သြဂုတ်-၁၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်း ခလရ(၁၃၅) တပ်ရင်း စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရာတွင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း ဖားဆောင်းပြည့်သူကာကွယ်ရေးတပ်က ယနေ့ (ဩဂုတ် ၁၉ရက်) ထုတ်ပြန်သည်။

ဩဂုတ် ၁၄ ရက်ကအဆိုပါတိုက်ပွဲအတွင်း ရဲဘော်ဖြိုးဖြိုးအောင်(ခ)အိုင်ညီ အသက် (၁၉)နှစ်နှင့် ရဲဘော် အာကာမင်းခန့် အသက် (၂၀)နှစ်တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရခြင်းဟု ဆို သည်။

တိုင်းပြည်နှင့်လူမျိုးအတွက်အသက်စွန့်လွှတ်ခဲ့သောရဲဘော်ဖြိုးဖြိုးအောင်နှင့် ရဲဘော်အာကာမင်းခန့်တို့ကို အာဇာနည်သူရဲကောင်းများအဖြစ် အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း ဖားဆောင်းPDFက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဖားဆောင်းမှာ စကစရဲ့ နောက်ဆုံးလက်ကျန်တပ် ၁၃၅ ကို အခုလ ၁၄ ရက်က ပြန်ထိုးစစ်ဆင်တယ်။တပ်ဝင်းထဲအထိအရောက်တိုးနိုင်ခဲ့တယ်ကြားတယ် ။ဒါပေမယ့်လေယာဥ်ဗုံး တွေက မိုးရွာသလိုပဲတဲ့”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် ကရင်နီတပ်မတော်နှင့် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် အချို့လည်း သြဂုတ် ၁၄ရက်က စခန်းသိမ်း တိုက်ပွဲအတွင်း ကျဆုံးမှုရှိခဲ့သည်ဟု သတင်းရရှိသည်။

ဖားဆောင်းမြို့ခလရ(၁၃၅)တပ်ရင်းစခန်းသိမ်း တိုက်ပွဲ၏ နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS တာဝန်ရှိသူများ၏ထံလူထုနွေဦးကဆက်သွယ်မေးမြန်းထားဆဲ ဖြစ် သည်။

ဇွန်လ၂၅ ရက်ကစ၍ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော ခလရ(၁၃၄)နှင့် ၁၃၅ တပ်ရင်းကို ထိုးစစ်ဆင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန် ထားသည်။ဇွန် ၃၀ ရက်တွင် ခလရ(၁၃၄) တပ်ရင်း ကို ရရှိခဲ့သည်။

ထို့အပြင် ဇူလိုင် ၂ ရက် နံနက် ၁နာရီခန့်တွင် ဖားဆောင်းမြို့တိုက်ပွဲအတွင်း ဗုံးကြဲတိုက်ခိုက်ရန်လာသည့် စစ်ကောင်စီက ဂျက်လေယာဥ် လေးစီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်များက ပစ်ချရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

ဖားဆောင်းမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် က ရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်သော မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းတွင် ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင် ဖာပွန်နှင့် မြောက်ဘက်ခြမ်းတွင် ဘောလခဲ မြို့နယ်တို့ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။