Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်ရွာလေကြောင်းတိုက်ခိုက်မှု သေဆုံးသည့်အရပ်သားများအား TNLA ရဲဘော်များဟု စစ်အုပ်စု ဝါဒဖြန့်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းမှ ဗုံးကြဲစဉ် ထိခိုက်သေဆုံးခဲ့သော အရပ်သားများအား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသမားများက ရေးသားနေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရေး ဆက်လက်လှုံ့ဆော်နေသည်။

ဩဂုတ် ၂၀ရက်က နောင်ပိန်ရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သည့်ကလေးငယ်တဦးအား သယ်ထုတ်လာစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်−၂၁၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းမှ ဗုံးကြဲစဉ် ထိခိုက်သေဆုံးခဲ့သော အရပ်သားများအား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသမားများက ရေးသားနေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရေး ဆက်လက်လှုံ့ဆော်နေသည်။

ကျောက်မဲမြို့နယ်သို့ သွားသည့်လမ်းပိုင်းမှ နောင်ပိန်ရွာအနီးကို သြဂုတ် ၁၉ရက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲစတင်ဖြစ်ခဲ့သည်။ နောင်ပိန်ရွာမရောက်မီ ထန်းတပင်ရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းနေရာပတ်ဝန်းကျင်တွင် ယနေ့ (ဩဂုတ်၂၁ရက်)အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အင်အားသုံး၍ ပစ်ခတ်နေပြီး ယမန်နေ့က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နောင်ပိန်ကျေးရွာမှ ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ၄၀နီးပါး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများနှင့်ဒဏ်ရာရသူများသည်TNLAတပ်ဖွဲ့ဝင်များဖြစ်သော ကြောင့် လားရှိုးမြို့တွင် ဆေးမကုဘဲ ကွတ်ခိုင်မြို့သို့ပို့၍ဆေးကုနေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး တယ်လီဂရန်ချန်နယ်များတွင် ရေးသားနေကြသည်။ အမှန်တကယ်တွင် ဒဏ်ရာရသူများအားလုံးမှာ လားရှိုးဆေးရုံသို့ ပိုဆောင်ကုသနေသည်။

” ဒဏ်ရာရသူက ၃၄ ဦး။ လူနာစောင့်နဲ့ဆို ၆၀ဦး ကျော်တယ်။ လားရှိုးဆေးရုံမှာ ကုသနေကြတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

အရပ်သားပြည်သူများ တိမ်းရှောင်နေထိုင်လျက်ရှိနေသော စစ်ရှောင်စခန်းအား ဗုံးကြဲချတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး တရားမျှတမှုဖော်ဆောင်ရေးကြိုးပမ်းသွားမည်ဟု သျှမ်း‌ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။

နောင်ပိန်ကျေးရွာကို စစ်ကောင်စီကယနေ့လည်း လေကြောင်းမှဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှု ပိုများပြားလာကြောင်း ဒေသခံများက ပြောသည်။ ဒေသခံများ စစ်ဘေးရှောင်သွားကြသော်လည်း ကျေးရွာအတွင်း ကျန်နေသူအချို့လည်း ရှိနေသည်။ ကျောက်မဲမြို့အထိ ထိုးစစ်ဆင်သွားမည်ဟု စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက ရေးသားနေကြသည်။

တိုက်ပွဲနှင့်ပတ်သက်၍ TNLAက သတင်းမထုတ်ပြန်သေးပေ။

လက်ရှိစစ်ရေးအခြေအနေကြောင့်နောင်ပိန်၊ ကျောက်မဲမြို့အပြင်သီပေါမြို့လည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြရန် ဒေသခံများအချင်းချင်းသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook