Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲ ကန့်ကွက်တားဆီးကြရန် NLDထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် ကန့်ကွက်တားဆီးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ဩဂုတ် ၂၃ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြနေစဥ်။ဓာတ်ပုံ − CJ

ဩဂုတ်−၂၃၊ ၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် ကန့်ကွက်တားဆီးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ဩဂုတ် ၂၃ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယနေ့မနက်က NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလဆဌမအကြိမ် အစည်းအဝေးကို Zoom မှတဆင့် ကျင်းပခဲ့ပြီး အထက်ပါအတိုင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအား မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် ရွေးကောက်ပွဲကျင်းပရေး ဆိုင်ရာ လုပ်ငန်းစဥ်တိုင်းကို ကန့်ကွက်တားဆီးရမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်း ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သောတွေ့ဆုံဆွေးနွေးမှုများသည် ပြေလည်မှုမရရှိနိုင်သောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်း ဆောင်ရွက်ရန်လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးသို့ NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲဝင်( ၂ )ဦး၊ အရံဗဟို အလုပ်အမှုဆောင် ( ၄ ) ဦး၊ ဗဟိုကော်မတီဝင် ( ၃၆ ) ဦး၊ အရန်ဗဟိုကော်မတီဝင် ( ၁၀ ) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ( ၂၅) ဦး၊ ဗဟိုရေးရာကော်မတီများမှ ( ၁၄ ) ဦး စုစုပေါင်း ( ၉၂ ) ဦး တက်ရောက်ခဲ့ဟု အသိပေးသည်။

ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတိုမှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြု စာတမ်းများ တင်ပြဆွေးနွေးခဲ့ဟုလည်း ထုတ်ပြန်သည်။

စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ပြောကြားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း စစ်ကောင်စီသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဟန်ပြပြုလုပ်ကာ အာဏာတည်မြဲရေး၊ ပြည်သူအပေါ် ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများ မှ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သဘောထား ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏ ထောင်ချောက်ကိုဆန့်ကျင်ကျော်လွှားကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဩဂုတ် ၂၀ရက်တွင် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကား ပြောကြားခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ်တွင် ပူးပေါင်းပါဝင်သူ အားပေးထောက်ခံသူများ သတိချပ်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။