Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားဂိတ်ရှိ စစ်အုပ်စုက ခရီးသည်တွေကို အဆမတန် ငွေတောင်း

စစ်ကိုင်းမြို့ကိုဝင်တဲ့ စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်က ခရီးသည်တင်ကားတွေကို မှတ်ပုံတင်စစ်ဆေးပြီး ဂိတ်ကြေးအဖြစ် တစ်ဦးလျှင် ၆၀,၀၀၀ကျပ် တောင်းယူခဲ့တယ်လို့ ခရီးသည်တင်ကားတွေဆီက သိရပါတယ်။

စစ်ကိုင်းတံတားအနီး စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ဩဂုတ်-၂၅၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းမြို့ကိုဝင်တဲ့ စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်က ခရီးသည်တင်ကားတွေကို မှတ်ပုံတင်စစ်ဆေးပြီး ဂိတ်ကြေးအဖြစ် တစ်ဦးလျှင် ၆၀,၀၀၀ကျပ် တောင်းယူခဲ့တယ်လို့ ခရီးသည်တင်ကားတွေဆီက သိရပါတယ်။

မန္တလေးတိုင်းက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်က လူတွေကို ပိုမိုစစ်ဆေးကာ သက်ကြီးပိုင်းလူတွေအထိ မှတ်ပုံတင်ကြည့်ကာ ဂိတ်ကြေးဆိုပြီး ပိုက်ဆံတောင်းတာလို့ ဆိုပါတယ်။

“တပ်မ ၃၃နဲ့ မြို့မထဲက ပျူစောထီးတွေလို့သိရတယ်။ တအားရစ်တယ်။ ဆိုးလည်းဆိုးတယ်။ သူတို့ဖြတ်ခိုင်းမှ သွားရမှာဆိုတော့ ပေးရတာပဲ”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မန္တလေး-စစ်ကိုင်း ကူးတဲ့ စစ်ကိုင်းတံတားပေါ်မှာ ဂိတ်အထိုင်ကျနေပြီး ကုန်ကားတစ်စီးကို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၂၀အထိ တောင်းယူသလို ခရီးသည်တွေကိုလည်း တစ်ဦးလျှင်ငွေကျပ်သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ တောင်းယူလေ့ရှိတယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို တောင်းယူလေ့ရှိတာမို့ ခရီးသည်တင် ကားအားလုံးက လမ်းတလျှောက် မည်သည့် ခရီးသည်ရဲ့ လုံခြုံရေးကိုမျှ တာဝန်ယူမှာ မဟုတ်ကြောင်း ကြိုတင်ပြောထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

“ကားဂိတ်တွေလည်း ညှိဖို့ ကြိုးစားတယ်။ အဖွဲ့တွေ(စကစဂိတ်)က အမြဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လူပြောင်းနေတော့မရဘူး”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းမြို့အထွက်မှာ စစ်ကြောင်းအများအပြားနဲ့မို့ လမ်းပိတ်ထားပေမယ့် ကားတွေ ကွင်းလမ်းတွေက သွားနေရပြီး ကားခနှုန်းထားတွေလည်း ဈေးမြင့်တက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။