Connect with us

Hi, what are you looking for?

သတင်း

ပုဂံမြို့လယ်မှာ ပစ်ခတ်မှုဖြစ် စစ်သားနှစ်ဦး သေဆုံး၊ စစ်တပ်က တမြို့လုံးပိတ်ဆို့စစ်ဆေးနေ

ရှေးဟောင်းမြို့တော် ပုဂံမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် ဒီကနေ့(ဩဂုတ် ၂၇ရက်) နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပေါ် ချီတက်ဆန္ဒပြနေသော ​​ရှေး​ဟောင်းယဥ်​ကျေးမှုမြို့​တော်ပုဂံမှ​ဒေသ ခံတွေကို ၂၀၂၁ ဖေဖော်ဝါရီလကတွေ့ရစဉ်။ ဓာတ်ပုံ – AFP

ဩဂုတ်−၂၇၊ ၂၀၂၅/People’s Spring

ရှေးဟောင်းမြို့တော် ပုဂံမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် ဒီကနေ့(ဩဂုတ် ၂၇ရက်) နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့ နေ့လည် ၂နာရီခန့်မှာ ပုဂံမြို့သစ်မြို့လယ်ခေါင်က ဆင်ဖြူတော်ယွန်းထည်ဆိုင်အနီးမှာ ပစ်ခတ်မှုဖြစ်တာလို့ ဆိုပါတယ်။

“ကလေးသုံးယောက်ကို အလက်တွေနဲ့ တွေ့လို့ လိုက်ပစ်တာတဲ့။ ဆင်ဖြူတော်ဆိုင်ဘေးလမ်းထဲ ဝင်သွားလို့တဲ့။ ကလေးတွေက ပြန်ပစ်တာ စခနှစ်ကောင် သေတယ်တဲ့။ ကလေးတွေတော့ လွတ်တယ်ထင်တာပဲ။ ဆိုင်ကယ်တစ်စီးကျန်ခဲ့တယ်”လို့ ညောင်ဦးခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပစ်ခတ်မှာ အချိန် နာရီနဲ့ချီကြာပြီး ညနေ ၄နာရီလောက်အထိ ပုဂံမြို့လယ်မှာ ပစ်ခတ်နေတယ်လို့ ပုဂံမြို့ခံတဦးက ပြောပါတယ်။

“ကားလမ်းတွေလည်း အကုန်ပိတ်ထားတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး”လို့ ပုဂံမြို့ခံတဦးကပြောပါတယ်။

စစ်တပ်ကတော့ ပုဂံတမြို့လုံးကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ကျော်အကြာ ပြီးခဲ့တဲ့ဇွန်လလောက်စပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ တိုက်ပွဲအချို့ဖြစ်ပြီး စစ်တပ်က ဒေသတစ်ခုလုံးနီးပါးကို တင့်ကားတွေသုံးပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပါတယ်။

စစ်ကြောင်းထိုးတဲ့ တလျှောက်မှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီး၊ ဒေသခံတွေ သတ်ဖြတ်၊ဖမ်းဆီးခေါ်ဆောင်နေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ပုဂံ၊ညောင်ဦးဒေသကို စစ်တပ်က စစ်ကြောင်းထိုးတာဟာ ပြီးခဲ့တဲ့နှစ်တွေက ညောင်းဦးမြို့ရဲ့အရှေ့ဘက်က ငါ့သရောက်ဒေသတွေမှာ လုပ်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒေသတစ်ခုလုံးနီးပါးကို စစ်ကြောင်းတွေခွဲပြီး ထိုးနေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ငါးဖွဲ့ထက်မနည်းရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ အခု ၂၀၂၅အတွင်း တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။