Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်ဘေးရှောင် ငါးဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရုံးပင်ကုန်းရွာကို ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွား၍ စစ်ဘေးရှောင် ငါးဦးသေဆုံးကြောင်း မြို့ခံများက ပြောသည်။

၂၀၁၉ ခုနှစ်က စစ်တပ် တိုက်လေယာဥ်နှစ်စီး လေ့ကျင့်ပျံသန်းနေစဥ်

သြဂုတ်-၂၇၊ ၂၀၂၅။ သရဖူ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရုံးပင်ကုန်းရွာကို ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွား၍ စစ်ဘေးရှောင် ငါးဦးသေဆုံးကြောင်း မြို့ခံများက ပြောသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ််းရှိ ရုံးပင်ကုန်းရွာကို ညနေ ၅နာရီ၂၅မိနစ်တွင် လေကြောင်းတိုက်ခိုက်သွားခြင်းဟု သိရသည်။

” ဗုံးသုံးလုံးကြဲပြီး စက်လက်နဲ့ပါပစ်တာ။ စစ်‌ရှောင် ငါးဦးသေဆုံးတယ်လို့ ကြားတယ်။ တိုက်ပွဲမရှိဘဲ ပစ်ချသွားတာပါ”ဟု ဝက်လက်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့အရှေ့တောင်ခြမ်း နေရာအချို့၌ တိုက်ပွဲဖြစ်ပွားနေသော်လည်း ယခုဗုံးကြဲသည့်ရွာနှင့် အလွန်ဝေးကြောင်း ဒေသခံများက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အား ဆက်သွယ်သော်လည်း မရသေးပေ။

“တိုက်ပွဲတွေဖြစ်နေတာက စဉ့်ကိုင်ရွာဘက်မှာပါ။ စစ်ရေးတင်းမာနေတာကြာပါပြီ။ ဒီနေ့ညနေလေကြောင်းတိုက်ခိုက်မှုကတော့ ဘာမှမဆိုင်တဲ့နေရာကိုပစ်တာပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ပိုမိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်။

ဩဂုတ်၂၅ရက်ညက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ဗုံးကြဲရာ ကလေးငယ် (၅) ဦးအပါအဝင် အရပ်သားပြည်သူ (၁၂) ဦး သေဆုံးပြီး (၂၀) ဦးဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။ ယမန်နေ့ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ကို လေကြောင်းတိုက်တိုက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး ကွတ်ခိုင်မြို့တွင်လည်း လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများပိတ်ထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။