Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဩဂုတ် ၂၄ရက်ကစ၍တကျော့ပြန် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၂၇ရက်ညပိုင်း၌ သတင်းဖော်ပြသည်။

KIA ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Sirinda

ဝိုင်းမော်တွင်လည်း ယနေ့ တိုက်ပွဲပြင်းထန်နေ

ဩဂုတ်−၂၈၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဩဂုတ် ၂၄ရက်ကစ၍တကျော့ပြန် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၂၇ရက်ညပိုင်း၌ သတင်းဖော်ပြသည်။

KIA ပူးပေါင်းတပ်များကဩဂုတ် ၂၄ရက်တွင်စစ်ကောင်စီ၏တင့်ကားတပ်ရင်းနှင့် ခလရ(၂၃၆) တပ်ရင်းတို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး ဩဂုတ် ၂၅ရက်တွင် ဒရုန်းများကို အသုံးပြုကာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၆ရက် ညနေပိုင်းတွင် ဗန်းမော်မြို့ တာမိုင်းလုံဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ဟု အသိပေးသည်။

ဗန်းမော်မြို့တွင် စကခ (၂၁)တပ်ရင်းနှင့် အမြောက်တပ်ရင်း (၃၃၆)တပ်အနီး ပတ်ဝန်းကျင်၊ လေဆိပ်အနီး၊ မြို့တွင်းနေရာအချို့ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေသည်ဟုလည်း ဖော်ပြသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးအခြေအနေများဖော်ပြမထားသော်လည်း ကချင်သတင်းရင်းမြစ်အချို့က ဗန်းမော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်ဘက်ကလည်း ဗန်းမော်မြို့တိုက်ပွဲ၌ KIA ပူးပေါင်းတပ်ရှိရာအား ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုထိရောက်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း ဝါဒဖြန့်ရုပ်သံများ ဖော်ပြလျက်ရှိသည်။

ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်လည်းစစ်ကောင်စီတပ်က လက်နက် ကြီးနှင့် ဒရုန်းများဖြင့် ပရမ်းပတာ ပစ်ခတ်မှုများ နေ့တိုင်းလုပ်ဆောင်နေ၍ အရပ်သားထိခိုက်မှုများရှိနေပြီး ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ထို့အပြင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်လည်း ဩဂုတ် ၂၇ရက်နှင့် ယနေ့ ဩဂုတ် ၂၈ရက်မနက်တွင် တိုက်ပွဲများ ရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

” ၀ိုင်းမော် လမြန်ရွာ အဲဒီပတ်ဝန်းကျင်မှာပေါ့။ သူတို့လည်း ထိုးစစ်ဆင်။ ကျနော်တို့လည်း တန်ပြန်ထိုးစစ်ဆင်တာ အပြန်အလှန်ပေါ့ အဲဒီမှာ တိုက်ပွဲပြင်းထန်နေတယ်။ ဒီမနက်လည်း ၈နာရီကတည်းကတိုက်ပွဲဖြစ်တာ အခုထိပဲ။ ဝိုင်းမော်ကနေ ကန်ပိုက်တီလမ်းအထွက်ဘက်ပေါ့”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့နံနက် ၁၀နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီသည်ဒေသတွင်းပြည်သူ့စစ်အင်အားများကို စုစည်းပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းယူထားသည့် ၀ိုင်းမော်မြို့နယ်အတွင်း နေရာများ၊ ယခင် ကချင်အထူးဒေသ(၁) နယ်မြေများ ပြန်ရရေး ကြိုးပမ်းနေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။