Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့လာအိုမှာကလေးသူငယ်မဖွယ်မရာဓါတ်ပုံတွေ မှတ်တမ်းယူခဲ့သူ ဂျပန်နှစ်ဦး အဖမ်းခံရ

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကိုးကား- Japan Today

သြဂုတ်-၃၀၊၂၀၂၅။People’s Spring

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အိုဆာကာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် သွားဆရာဝန် ယိုရှီဟီရို ရှီရိုင် နဲ့ အသက် ၆၅ နှစ်အရွယ် နာဂိုယာ ဒေသခံ ကာဇူဟီကို ယူဂျီတို့ဟာ သီးခြား ဖြစ်စဉ်နှစ်ခုအတွက် ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက လာအိုမှာ ကလေးသူငယ် ပြည့်တန်ဆာမှုနဲ့ ဆက်စပ်တဲ့ အမှုအခင်း ကျူးလွန်သူ ဂျပန်နိုင်ငံသားတွေကို ဂျပန်ဥပဒေအတိုင်းအရေးယူမယ်လို့သတိပေးပြီးမကြာခင်မှာအခုလိုဖမ်းဆီးမှုတွေ ဖြစ်လာတာပါ။

ဇွန်လတုန်းကဂျပန်နိုင်ငံသားတွေဟာလာအိုမှာ ကလေးသူငယ်ပြည့်တန်ဆာမှုနဲ့ ဆက်စပ်တဲ့ အထောက်အထား ပို့စ်တွေကို လူမှုကွန်ရက်တွေမှာ စတင် တွေ့မြင်လာရတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ရဲတပ်ဖွဲ့ရဲ့အဆိုအရရှီရိုင်ဟာမနှစ်က အောက်တိုဘာလတုန်းက မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက်မိန်းကလေးငယ်တစ်ဦးရဲ့မဖွယ်မရာ ဓာတ်ပုံကို ရိုက်ယူလာခဲ့တယ်လို့ သိရပါတယ်။ရှီရိုင်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ယူဂျီကတော့ မတ်လတုန်းက ဟိုတယ်တစ်ခုမှာ မိန်းကလေးငယ်တစ်ဦးရဲ့ မမြင်အပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗီဒီယို ချောင်းရိုက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ သူကတော့ စုံစမ်းမေးမြန်းမှုတွေနဲ့ ပတ်သက်လို့ ဘာတုံ့ပြန် မှတ်ချက်မှမပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ရဲတွေက ရှီရိုင်ဆီမှာ မဖွယ်မရာဓာတ်ပုံနဲ့ ဗီဒီယို ၁၀,၀၀၀ ကျော်၊ ယူဂျီဆီမှာ ၁၀၀၀ ကျော် ရှာဖွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ယူဂျီနဲ့ ရှီရိုင်တို့ရဲ့ အမှုတွေကသီးခြားစီဖြစ်နေပေမယ့်ပြည်ပမှာကလေးသူငယ်ပြည့်တန်ဆာမှုနဲ့ဆက်နွှယ်တဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန် ဝေမျှတာတွေ ရှိခဲ့ကြောင်းလည်း မိုဘိုင်းဖုန်း မှတ်တမ်း အချက်အလက်တွေအရရဲတွေက စိစစ် အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

လာအိုနိုင်ငံက ကျောက်ဂူတစ်ခုထဲ ပိတ်မိနေပြီး ပျောက်ဆုံးနေသူ နောက်ဆုံးလက်ကျန် ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အရှိန်မြှင့် ရှာဖွေနေပါတယ်။

သတင်း

လာအိုနိုင်ငံက ရေဝင်နေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ရွာသား ၇ ဦးထဲက ပထမဆုံး တစ်ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လာအိုနိုင်ငံမှာရွှေကြောလိုက်ရှာရင်းရေဝင်နေတဲ့ ဂူတစ်ဂူထဲ ပိတ်မိသွားတဲ့ ရွာသား ၇ ဦးထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။