Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မေတ္တာမြို့ဗျူဟာသို့ အင်အားအများအပြားစေလွှတ်နေ

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊မေတ္တာမြို့မှာရှိတဲ့စစ်ကောင်စီတပ် ဗျူဟာကိုယခုရက်ပိုင်းမှာအင်အားရာချီစေလွှတ်ပြီးခံစစ်ပြင်နေတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ တွေ့ရတဲ့ စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - CJ

သြဂုတ်-၃၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊မေတ္တာမြို့မှာရှိတဲ့စစ်ကောင်စီတပ် ဗျူဟာကိုယခုရက်ပိုင်းမှာအင်အားရာချီစေလွှတ်ပြီးခံစစ်ပြင်နေတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ထားဝယ်မြို့ကနေမေတ္တာမြို့မှာရှိတဲ့စစ်တပ်ဗျူဟာကိုစကခ(၈)လက် အောက်ခံတပ်တွေကို စေလွှတ်နေတာဖြစ်ပြီး လူအင်အားအပြင် လက်နက်ခဲယမ်းနဲ့ရိက္ခာတွေလည်းတင်ဆောင်လာတာဖြစ်နိုင်တယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

“မေတ္တာကိုလက်နက်ခဲယမ်း၊ရိက္ခာပို့တာ။လမ်းပိုင်းရှေ့တိုးမရတော့ အင်အားထပ်တိုးနေတာဗျ” လို့ စစ်ကောင်စီတပ်အခြေအနေကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ်တတိယအပတ်ထဲမှာ မေတ္တာမြို့ဘက်သွားတဲ့ စစ်ကောင်စီရဲ့ လက်နက်နဲ့ရိက္ခာယာဥ်တန်း ၁၀စီးကို DNLA ဦးဆောင်တဲ့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေက သရက်ချောင်းနယ်၊ မိုးရွှေကုန်းနဲ့ စော်ဖျားရွာတွေနားမှာ ဖြတ်တောက် တိုက်ခိုက်ပြီး ယာဥ်တွေကို ဖျက်ဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း ရရှိထားပါတယ်။

ဒါကြောင့်စကခ(၈)လက်အောက်ခံတပ်တွေကိုသြဂုတ်၂၉ရက်ကတည်း က စစ်ယာဥ်တန်းနဲ့ စေလွှတ်နေတာဖြစ်ပြီး ခန့်မှန်းအင်အား ၅၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ခုလက်ရှိဆိုအဲဒီဖက်မှာခန့်မှန်းပြောရရင်တော့အင်အား ၅၀၀လောက်ထိရှိသွားနိုင်တယ်ဗျ။အရှေ့က ၁၀စီးပါယာဉ်တန်း တိုက်ပွဲဖြစ်ပြီးမီး ရှို့ခံလိုက်ရလို့ကုန်ပြီ။ အခုယာဉ်တန်းက ဘယ် နှစ်စီးမှန်း သေချာမပြောနိုင်သေးဘူး” လို့ တော် လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင်ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် မောင်းမကန်ကမ်းခြေကြား ပင်လယ်ရေပိုင်နက်မှာ စစ်သဘော်သုံးစင်းကို အသင့်ချထားပြီး သင်္ဘောတစီးလျှင် ခန့်မှန်းအင်အား ၁၀၀ခန့်ပါနိုင်ကြောင်း၊ ယခင်က အဲဒီရေပိုင်နက်မှာ စစ်သင်္ဘောတစင်းသာ ကင်းပတ်လေ့ရှိကြောင်း အထက်ပါ တော်လှန်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ မေတ္တာမြို့ဘက်ကို လက်နက်နဲ့ ရိက္ခာသွားပို့တဲ့ ယာဥ်တန်း ၁၀စီးမှ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ဝန်းကျင်ဟာ ၎င်းတို့စီးနင်းလာတဲ့ ယာဥ်တန်းတိုက်ခိုက်ဖျက်ဆီးခံရပြီးတဲ့နောက် မေတ္တာဗျူဟာသို့ သွားရောင်ပူးပေါင်းသွားပြီလို့ ဒေသတွင်း တော်လှန် ရေးသတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

(တနင်္သာရီတိုင်းအတွင်းမှာ တွေ့ရတဲ့ စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။