Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်ရွာနဲ့ ကျေးရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊နောင်ပိန်ကျေးရွာဘက်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး နောင်ပိန် နဲ့အနီးတဝိုက်ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ထံကနေသိရပါတယ်။

စက်တင်ဘာ -၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊နောင်ပိန်ကျေးရွာဘက်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး နောင်ပိန် နဲ့အနီးတဝိုက်ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ထံကနေသိရပါတယ်။

နောင်ပိန်ရွာကို စစ်တပ်က ပြီးခဲ့တဲ့ နှစ်ပတ်ကစတင်ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာပါ။

နောင်ပိန်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၁၀ရွာထက်မနည်း က ပြည်သူတွေဟာ သီပေါ၊လားရှိုး ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သီပေါဟာ TNLA လက်အောက်မှာရှိပြီး လားရှိုးကတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတာပါ။

“ စစ်ရှောင်တွေကို ရသလောက် ခေါ်ထုတ်ပေးနေပါတယ် ၊ ကျွန်တော့ အသင်းတစ်သင်းထဲကို လူ၂၀၀ကျော်ရှိနေပြီ၊ ထပ်ပြီးလည်း ခေါ်ထုတ်ပေးဖို့ရှိနေသေးပါတယ်”လို့ လားရှို့မြို့အခြေစိုက် ကူညီကယ်ဆယ်ရေးသမားတစ်ဦးကပြောပါတယ်။

လားရှိုးမြို့ရှိ ရှမ်းစာပေယဉ်ကျေးမှုခန်းမ၊ မန်အိုင် ဘုန်းကြီးကျောင်းနဲ့ သီပေါမြို့က ဆွတ်လန်းကျောင်းတို့မှာ လာရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

နောင်ပိန်ဘက်က လွယ်ပေါင်၊ ရေဆန်၊ နမ် ဝ၊ ဟိုဖိုင်၊ နမ့်ဟူး၊ ပန်စုံ၊ နမ့်ပြင်၊ လွယ်စောင့်၊ ခေါက်ဝိုး၊ ဟဲကွီ၊ ပန်လော့၊ နမ့်ဟန်ခိတ်၊ ပုံဝိုး ၊ကွမ်ဟင်၊ ကုန်းညောင်၊ နမ့်မော်ဘီလူး ၊နောင်မိန်း၊ ခဲလုံ၊ ထန်တပင်၊ ခေးနင်း စတဲ့ကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“အရင်က ကျောက်မဲဘက်ဖြစ်ရင်တောင် နောင်ပိန်ဘက်ရှောင်ရတာ”လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကျောက်မဲမြို့ပေါ်က မြို့ခံတွေလည်း ကြိုတင်တိမ်းရှောင်တာတွေရှိလာတယ်လို့သိရပါတယ်။

လက်ရှိ တိုက်ပွဲက နောင်ပိန်ရွာလမ်းခွဲနဲ့ ပင်တိန်ရွာမှာ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။