Connect with us

Hi, what are you looking for?

သတင်း

ဝိုင်း‌မော်တွင်စစ်တပ်ဗုံးကြဲ၍ ၈နှစ်အရွယ် စစ်ရှောင်ကလေးငယ် သေဆုံး၊ ၄ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့၍စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

သေဆုံးခဲ့​သော က​လေးငယ် အသက်ရှိစဥ်ကနှင့် စစ်တပ်ဗုံးကြဲ၍ ​သေဆုံးပြီး​နောက် သဂြိုဟ်စဥ်။ ဓါတ်ပုံ-​ဒေသခံ

စက်တင်ဘာ-၁၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့၍စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

ဝိုင်း‌မော်မြို့နယ် ၊နမ့်ဝါရွာကိုဩဂုတ်လ ၃၁ရက်နေ့ ညနေ တွင် စစ်​ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့စဥ်စစ်ဘေးရှောင်များထိခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့​သော က​လေးငယ် အသက်ရှိစဥ်ကနှင့် စစ်တပ်ဗုံးကြဲ၍ ​သေဆုံးပြီး​နောက် သဂြိုဟ်စဥ်။ ဓါတ်ပုံ-​ဒေသခံ

“လမ်းပေါ်မှာ သွားလာနေကြတုန်းပစ်တာမှာ ထိကးကုန်တာ။ ကလေး လေးက ဒဏ်ရာအပြင်းအထန်ရပြီးဆုံးသွားတာ။ သူ့ အဒေါ်လည်း စိုးရိမ်ရတယ်။ကျန်တဲ့သုံးယောက်ကတော့ စိတ်ချရပြီ”ဟု နမ့်ဝါရွာ ဒေသခံတစ်ဦးကပြောသည်။ ၎င်းတို့သည်စစ်​ဘေး​ရှောင်ပြည်သူများဖြစ်ပြီး ရွာသို့ခတ္တပြန်စဥ် စစ်တပ်က ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံသတင်းဌာနအချို့က​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသောကလေးငယ်၏ကိုယ်ခန္ဓာအတွင်းမှ ကျည်စများကို ခက်ခက်ခဲခဲထုတ်ခဲ့ရ​သော်လည်းမသက်ကိုမကယ်နိုင်ခဲ့ ဟုသိရသည်။ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၈ နှစ်နှင့် ၁၅နှစ်အရွယ်ကလေးငယ်နှစ်ဦး၊အသက်၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်၃၆နှစ်နှင့် ၄၅နှစ်အရွယ်အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်၏ နာရေးအား စက်တင်ဘာ ၁ ရက်​နေ့တွင်ပြုလုပ်ခဲ့သည်။

နမ့်ဝါရွာသည် တိုက်ပွဲပြင်းထန်နေသည့် လမြန်ရွာနှင့် ဆက်စပ်နေသည်။ သို့သော်နမ့်ဝါ ရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိသလိုKIA၊ KPDFတပ်ဖွဲ့ဝင်များလည်းလှုပ်ရှားမှုမရှိကြောင်း နမ့်ဝါရွာဒေသခံများကပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည်ည်သူကိုပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဟု ဝိုင်းမော်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

ဝိုင်း‌မော်မြို့နယ်အတွင်း အရပ်သားပြည်သူများကိုပစ်မှတ်ထား၍ စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာ ၁ ရင်​နေ့လည်း စစ်ကောင်စီသည်လမြန်ရွာအနီးကို လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။

“ညနေ၅နာရီလောက်က ကြဲတာ။ အခု တနယ်လုံး လေကြောင်းကို စိုးရိမ်နေရတယ်” ဟု ဝိုင်းမော်ဒသခံတစ်ဦးကပြောသည်။

KIAထိန်းချုပ်ထားသည့်လမြန်ရွာကိုစစ်တပ်က ဩဂုတ်၂၇ရက်ကစတင် ထိုးစစ်ဆင်လာပြီး တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းတိုက်ပွဲများတွင် စစ်ကောင်စီယာယီတပ်စွဲထားသည့်စခန်းတစ်ခုကို KIA၊KPDFက သိမ်းယူခဲ့သည်။ လမြန်ရွာ၊နမ့်ဝါရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ဝါရှောင်ရွာကိုလည်း လေကြောင်း ဗုံးကြဲနေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook