Connect with us

Hi, what are you looking for?

သတင်း

သီပေါ ဘော်ကြိုဘုရားအနီး စစ်ကောင်စီဗုံးကြဲ

မန္တလေး – လားရှိူးပြည်ထောင်စုလမ်းမပေါ်ရှိသီပေါမြို့ဘော်ကြိုဘုရားအနီးကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ၃ရက်)၁နာရီခွဲခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘော်ကြိုဘုရားပျက်စီးမှုများ ဓာတ်ပုံ - CJ

စက်တင်ဘာ-၃၊၂၀၂၅။လူအေး/People’s Spring

မန္တလေး – လားရှိူးပြည်ထောင်စုလမ်းမပေါ်ရှိသီပေါမြို့ဘော်ကြိုဘုရားအနီးကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ၃ရက်)၁နာရီခွဲခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဘော်ကြိုဘုရားအနီးရှိနေအိမ်များကိုဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ် သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘော်ကြိုဘုရားပျက်စီးမှုများ ဓာတ်ပုံ – CJ

“အိမ်တွေရစရာမရှိအောင် ပျက်စီးသွားတယ်။ လူတယောက်ထိတယ်ကြားတယ်။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တချို့သေဆုံးတာ ဟုတ်တယ်။ အခုလည်း Y 12ပတ်နေလို့လေ။ အပြင်မထွက်ရဲဘူး”ဟု သီပေါမြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သီပေါမြို့သည် တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ဒေသဖြစ်ပြီး စစ်ကောင်စီက မြေပြင် ထိုးစစ်ဆင်မည်ဟု ဝါဒဖြန့်နေသည့် ကျောက်မဲမြို့နှင့် တစ်ဆက်တည်းရှိသည်။

လက်တလောတွင်ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ၌တိုက်ပွဲပြင်းထန်နေသည်။

ဩဂုတ်၂၉ရက်ကကျောက်မဲမြို့နယ်၊ပန်သပြေကျေးရွာဘုန်းကြီး ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ သီလရှင်တစ်ပါးအပါအဝင် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့သည်။

ယမန်နေ့ညကလည်းကျောက်မဲမြို့နယ်၊လွယ်ခေါ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်။

TNLAနှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံတွင်ဆွေးနွေးနေသော်လည်း နှစ်ဖက်စလုံးကသတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲများပိုမိုပြင်းထန်နေခြင်းဖြစ်သည်။

ဆွေးနွေးပွဲပျက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း TNLAက အတည်မပြုသေးပေ။ ထို့အပြင် ဆွေးနွေးနေစဉ်အချိန်၌ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook