Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နှင့် ၀ိုင်းမော်၌ စစ်တပ် အပြင်းအထန်ထိုးစစ်ဆင်နေဟု KIA ပြော

ကချင်ပြည်နယ်၊ဗန်းမော်နှင့်ဝိုင်းမော်မြို့နယ်၌စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု၊မြေပြင်စစ်ကြောင်းထိုးမှုများဖြင့် ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်နေ၍ခုခံတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိဟုကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA/KPDF ပူးပေါင်းမှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ − Sirinda

“ကျနော်တို့ဘက်က ဆုတ်သွားတာတွေ ရှုံးသွားတာတွေ မရှိဘူး။ အခုထိကတော့ ခုခံတိုက်ပွဲကတော့နေ့တိုင်းလိုဖြစ်ပါတယ်” − ဗိုလ်မှူးကြီးနော်ဘူ

စက်တင်ဘာ−၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်နှင့်ဝိုင်းမော်မြို့နယ်၌စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု၊မြေပြင်စစ်ကြောင်းထိုးမှုများဖြင့် ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်နေ၍ခုခံတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိဟုကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်း လတ်တလောတိုက်ပွဲများ ရှိနေသည့် ဗန်းမော်၊၀ိုင်းမော်နှင့် ဖားကန့်ဒေသ စစ်ရေး အခြေအနေများ မေးမြန်းချက်အပေါ် ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်၊ ၀ိုင်းမော်မြို့၌ တိုက်ပွဲပြင်းထန်နေပြီး ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားပါက ထိတွေ့တိုက်ပွဲအချို့ ဖြစ်ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

” ဗန်းမော်ဘက်မှာတော့တိုက်ပွဲကတော့ဆက်ရှိနေပါတယ်။အခုတလောကတော့ ဗန်းမော်ဘက်မှာ စကစဘက်က ထိုးစစ်ဆင်တာကတော့ တော်တော် လည်း ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တာ တွေ့ရပါတယ်။ သူတို့လည်းသူတို့ လက်လွတ်သွားတဲ့ ဆုံးရှုံးသွားတဲ့ ဆုတ်သွားတဲ့ စခန်းတွေ ပြန်ရနိုင်ဖို့အတွက် လက်နက်ကြီးတို့ ဒရုန်းတို့ လေကြောင်းတို့ နောက် မြေပြင်က အစပေါ့နော် တော်တော်ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာတွေ့ရပါတယ်။ ဒါပေမဲ့ အခုလက်ရှိအခြေအနေကတော့ ကျနော်တို့လည်း ဆုတ်သွားတာ မရှိဘူး။ ကျနော်တို့လည်း စခန်းတွေပြန်သိမ်းတာကတော့မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဝိုင်းမော်မြို့ဘက်တွင်လည်း စစ်ကောင်စီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်အင်အားများ တိုး၍ ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

” တိုးထားတဲ့အင်အားတွေထဲမှာအများပိုင်းက ပြည်သူ့စစ်တွေကို သုံးတာ တွေ့ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီက ဝိုင်းမော်မြို့တွင်လည်း လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ် လျက်ရှိသည်ဟုဆိုသည်။

“မြေပြင်ကနေထိုးတာလည်း ရှိပါတယ်။ အဲဒီဘက်မှာလည်း ကျနော်တို့ဘက်က ဆုတ်သွားတာတွေ ရှုံးသွားတာတွေ မရှိဘူး။ အခုထိကတော့ ခုခံတိုက်ပွဲကတော့နေ့တိုင်းလိုဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်ခြင်းမရှိဘဲ စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးရမ်သမ်းပစ်ခတ်၍ ပြည်သူလူထု အသက်အိုးအိမ်ထိခိုက်ပျက်စီးရှိဟု ပြောသည်။

“ သူတို့ စစ်ကြောင်းတွေနဲ့ နည်းနည်းလှုပ်ရှားတာနဲ့တော့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ ရှိပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAသည် ၂၀၂၄ မတ်လတွင် စစ်ရှိန်မြှင့်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများတပြိုင်တည်းဆင်နွှဲခဲ့ရာ၀ိုင်းမော်၊ဗန်းမော်အပါအဝင် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း ရာချီ သိမ်းပိုက်ကာ မြို့များ၊နယ်စပ် ကုန်သွယ်ရေးစခန်း၊ ဒေသတွင်း လမ်းပိုင်းများကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးမှာ ၉လနီးပါးကြာနေပြီဖြစ်ပြီး ဩဂုတ်လဆန်းတွင် စစ်ကောင်စီဘက်က ဗန်းမော်မြို့ကို စစ်အင်အား၊လက်နက်ခဲယမ်းများကိုရေကြောင်းမှသင်္ဘောများဖြင့် ဖြည့်တင်းခဲ့ရာ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။