Connect with us

Hi, what are you looking for?

သတင်း

မော်လိုက်မြို့နယ်မှ စစ်တပ်နှင့်ပျူစခန်းတစ်ခုကိုPDF ထပ်သိမ်း

မော်လိုက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များပိတ်ဆို့ထားသည့်တောင်းအင်စခန်းမှစစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀၀ နီးပါးသည် ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

စက်တင်ဘာ-၃၊၂၀၂၅။လူအေး/People’s Spring

မော်လိုက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များပိတ်ဆို့ထားသည့်တောင်းအင်စခန်းမှစစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀၀ နီးပါးသည် ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့်ပျူအထိုင်ချထားသည့် တောင်းအင်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တစ်လနီးပါးကြာ ပိတ်ဆို့ထားခဲ့ပြီး ထိုးစစ်မဆင်မီ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

” ၁ ရက်(စက်တင်ဘာ)နေ့ညက ပြေးတာ။ မတိုက်ရဘဲ ‌ထွက်ပြေးသွားတာ။ စခန်းကို အေးအေးဆေးဆေးသိမ်းလိုက်တယ်လို့ကြားတယ်။ ကျတော်တို့ အတွင်းသတင်းပေါ့” ဟု ဒေသတွင်းမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ပျုးစောထီးများသည် စက်တင်ဘာလ၁ရက်ညက ဆုတ်ခွာထွက်‌ပြေးသွားခြင်းဖြစ်ပြီး မော်လိုက်မြို့ပေါ်ရှိ ‌ခြေမြန်တပ်ရင်း ခမရ ၃၆၄ ၊ ၃၆၅ ၊ ၃၆၆သို့သွားရောက်ပူးပေါင်းသည်ဟု သတင်းရကြောင်း ၎င်းကပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များသည် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း မော်လိုက်မြို့နယ်မှ ထော်သာပျူစခန်းကို သိမ်းပိုက်ခဲ့ရာ ရက်ပိုင်းအတွင်း နောက်ထပ်စခန်းတစ်ခု ထပ်မံသိမ်းယူနိုင်ခြင်းဖြစ်သည်။

ထော်သာပျူစခန်းသိမ်းတိုက်ပွဲကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးပျူစောထီး ခေါင်းဆာင်အပါအဝင် ပျူစောထီးများ၏ မိသားစုဝင်၂၀၀ နီးပါးကိုဖမ်းမိခဲ့သည်။

တောင်းအင်စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကသတင်းမထုတ်ပြန်သေးပေ။ မော်လိုက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလွယ်တကူသိမ်းယူနိုင်ကြောင်းနှင့် မြို့ပေါ်မှဌာနဆိုင်ရာအရာရှိများ ထွက်ပြီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်ချီသည့် လူမှုကွန်ရက်စာမျက်နှာများက ရေးသား ပြီး စစ်ကူ​ပေးရန် ​တောင်းဆို​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။