Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာစစ်တပ်စခန်းတိုက်ခိုက်ခံရ စစ်သား ၇ဦး သေဆုံးပြီး ​သေနတ် ၇လက်နဲ့ခဲယမ်း​​တွေရ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကုက္ကဲရွာကျေးမှာ တပ်စွဲထားတဲ့ စစ်​တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ကုက္ကဲရွာကျေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာက သိမ်းရတဲ့ လက်နက်တွေနဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေခြံသားပြောက်ကျားတပ်ဖွဲ့

စက်တင်ဘာ-၄ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကုက္ကဲရွာကျေးမှာ တပ်စွဲထားတဲ့ စစ်​တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ကုက္ကဲရွာရဲ့ အထက်တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ဒေသခံနဲ့ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နာမှာ အနိုင်ကျင့်လုယက် နှိပ်စက်နေတာဖြစ်လို့ စက်တင်ဘာ ၂ ရက် နံနက် ၉နာရီခန့်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကုက္ကဲရွာကျေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာက သိမ်းရတဲ့ လက်နက်တွေနဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေခြံသားပြောက်ကျားတပ်ဖွဲ့

ရှေ့ထွက်‌ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သားခုနစ်ဦးသေဆုံးပြီး MA3 ခြောက်လက်၊MA5 တစ်လက် ၊ကျည်ဘောက်၂၀၊၊၆၀မမ တစ်လက်နဲ့ ကျည်တွေသိမ်းရတယ်လို့အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဓားငါးချောင်း၊လက်ပစ်ဗုံးနှစ်လုံး၊လေးခွ နှစ်လက်၊ဝက်အူလှည့်တစ်ချောင်း၊ဖုန်း ခုနစ်လုံး၊လက်ပတ်နာရီနှစ်လုံး၊စစ်သုံးဆောင်အများအပြားကိုလည်း သိမ်းဆည်းရရှိတယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

“မြင်းခြံ နဲ့ တံတားဦးလမ်းပိုင်းပေါ်ရှိတာ။စကစ အင်အား ၅၀ လောက်ရှိလိမ့်မယ်”လို့ မြင်းခြံမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုနှစ် ဇူလိုင် ၁၇ ရက်ကလည်း ကုက္ကဲရွာ ရဲ့ နယ်မြေရဲစခန်းနဲ့ စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရဖူးပါတယ်။အဲဒီတိုက်ခိုက်မှုမှာစစ်သားသုံးဦးသေဆုံးပြီး လက်နက်နှစ်လက်ကို တော်လှန်ရေးတပ်တွေရရှိခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေကနေသတိရှိရှိနေထိုင်ကြဖို့ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်ကျွမ်းမှုမှာ ပွဲရုံ ၄ ရုံနဲ့ ဆိုင်ခန်း ၂၄ ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းနဲ့ ပွဲရုံတွေ မီးထဲပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

Facebook