Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရမ်းသမ်းတိုက်ခိုက်မှုများကြောင့် မိသားစုတိုင်း လုံခြုံသည့်နေရာများ စီစဉ်ထားရန် KIA တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လုံခြုံသည့်နေရာများ စီစဉ်ထားရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးနေတဲ့ မေတ္တာမြို့ပေါ်တနေရာ။ဓာတ်ပုံ - CJ

စက်တင်ဘာ-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လုံခြုံသည့်နေရာများ စီစဉ်ထားရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

လက်ရှိ စစ်ရေးအခြေအနေများအပေါ် ပြည်သူလူထုသို့ သတင်းစကားပြောကြားပေးရန် စက်တင်ဘာ ၃ရက်က မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“တိုက်ပွဲကတော့ပြင်းထန်မယ်လို့ စကစဘက်က ကြေညာထားတယ်ဆိုတော့ပြည်သူလူထုအနေနဲ့ စစ်ရေးအခြေအနေတော့ အမြဲတမ်း နားထောင်ရမှာ။ လုံခြုံတဲ့နေရာတွေကိုတော့မိသားစုတိုင်းမှာ စီစဉ်ထားဖို့ လိုမယ်။ သူတို့ကတော့ လေကြောင်းတို့ လက်နက်ကြီးတို့ ရမ်းသန်းတာပေါ့။ တိုက်ပွဲမရှိတဲ့နေရာတွေလည်း ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေ အမြဲတမ်းရှိနေတာ။ အဲဒါကြောင့် ပြည်သူလူထုလည်း သတိထားဖို့ လိုပါတယ်လို့ပြောလိုပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည်ကချင်ပြည်နယ်အပါအဝင်နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားသည့်နေရာများသာမကတိုက်ပွဲမဖြစ်သည့်နေရာများကိုလည်းလေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကောင်စီက ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေများ ပြန်လည်ရရှိရေး ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားသည်။

ထို့ပြင် ဖားကန့်မြို့နယ်၌လည်း စစ်ကောင်စီက လက်နက်ကြီး ရမ်းပစ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများရှိနေပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားပါက ထိတွေ့တိုက်ပွဲအချို့လည်း ရှိနေသည်ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကလည်း ၎င်းတို့ဒေသတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်မှု အခြေအနေများကို ယမန်နေ့က ထပ်မံသတင်းဖော်ပြထားသည်။

KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ရှိ ကျောက်ကြီး၊ မုန်း ဒေသများတွင်စစ်ကောင်စီက အရပ်သား ပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိဒရုန်းများဖြင့်တိုက်ခိုက်ခဲ့၍ ဩဂုတ် လကုန်ပိုင်းတွင်ပြည်သူ ၇ဦးထိခိုက်ကာ နေအိမ်ပျက်စီးမှုများ ရှိခဲ့ဟု အသိပေးသည်။

ညောင်လေးပင်ခရိုင်အတွင်းပြည်သူရှိရာနေရာသို့စစ်ကောင်စီကလက် နက်ကြီး ဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိ၍ အရပ်သား ပြည်သူများ ဘေးလွတ်ရာ ရှောင်နေကြရပြီး ထိတ်လန့် ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်ကြရဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။