Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၈လအတွင်း ပြည်သူ ၁,၅၀၀ခန့် သေဆုံးဟု NUG ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်ပိုင်းအထိ အရပ်သားပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ၄ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လက မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီး ကျောင်း အား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

စက်တင်ဘာ−၄၊၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်ပိုင်းအထိ အရပ်သားပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ၄ရက်) ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ပိုမိုပြင်းထန်လာသည့် အခြေအနေကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးစဉ် လအလိုက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် သေဆုံးမှု အခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ယခုနှစ် ၈လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၃၃၁၈ကြိမ် ပြုလုပ်ခဲ့ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၈၇ ဦးသေဆုံးခဲ့ရာ ဇန်နဝါရီတွင် ၁၉၈ဦး၊ ဖေဖော်ဝါရီတွင် ၁၃၅ဦး၊ မတ်လတွင် ၁၉၉ဦး၊ ဧပြီတွင် ၂၃၇ဦး၊ မေတွင် ၂၀၂ဦး၊ ဇွန်တွင် ၉၅ဦး ဇူလိုင်တွင် ၁၄၃ ဦး၊ ဩဂုတ်တွင် ၂၇၈ဦး ဖြစ်ကြောင်း ဖော်ပြသည်။

” MoHR(လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန)က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုတွေက မတ်လ ၂၈ရက်နေ့ ငလျင်လှုပ်အပြီး ဧပြီလအတွင်းမှာ ထိုးတက်လာတာ တွေ့ရတယ်။ အဲဒီလိုပဲ ဩဂုတ်လ သူတို့တွေ ဖွဲ့စည်းပုံအခင်းအကျင်း ပြောင်းပြီးနောက်မှာလည်း ပိုပြီးတော့ ထိုးတက်လာတာတွေ့ရတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းငလျင်အပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာ၍ ဧပြီအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၀၈ကြိမ်ဖြင့် အများဆုံး တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဇူလိုင်လကုန်ပိုင်းတွင် စစ်ကောင်စီမှ စစ်ကော်မရှင်သို့ ဟန်ပြအသွင်ပြောင်း ဖွဲ့စည်းပြီးနောက် ဩဂုတ်လတွင် ၄၉၃ကြိမ်ဖြင့် ဒုတိယ အများဆုံး လေကြောင်းတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

” ဆိုလိုတာက တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေ နောက်ပြီးတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ နောက်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဒါတွေကိုပိုတိုးပြီး ကျူးလွန်လာတဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာ အနေနဲ့လည်း စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဆိုတဲ့ဟာ တခုတည်းကိုပဲ ကြည့်နေလို့မရပါဘူး။ ဒီတရားမဝင်အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုကိုထပ်တိုးပြီး ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့ ကိစ္စတွေကိုလည်း မျက်စိမှိတ်မထားဖို့ အင်မတန်မှ အရေးကြီးပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်လည်း နိုင်ငံတဝန်းအကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အကြမ်းဖက်စစ်အုပ်စုသည် အာဏာတည်မြဲရေးအတွက် အရေးပေါ်အခြေအနေသက်တမ်းထပ်တိုးပြီးတိုင်း လေကြောင်းတိုက်ခိုက်မှုများ ပိုပြီး ပြင်းထန်စွာပြုလုပ်ခဲ့ဟု ဖော်ပြသည်။

” စစ်အုပ်စုရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆက်လက်ပြီး မြင့်တက်လာခဲ့ရာ အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ကာလဖြစ်တဲ့ ဧပြီလမှာ ၅၀၈ ကြိမ်အထိ စံချိန်တင်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုအများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။အဲဒီနောက် သြဂုတ်လမှာတော့ လေကြောင်းတိုက်ခိုက်မှုဟာ ၄၉၃ ကြိမ်အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဒီကာလဟာ တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို လိုအပ်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်နိုင်ဖိုဆိုပြီး စစ်ကော်မရှင် (SSPC)ကိုပြောင်းလဲဖွဲစည်းပြီး စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် ကြိုးစားပြင်ဆင်နေတဲ့ ကာလအပိုင်းအခြားပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦးများနှင့် ပြည်သူလူထုနေထိုင်ရာ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။