Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာပျူခေါင်းဆောင်အိမ်ကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေတိုက်ခိုက်၊ပျူ ၅ ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ ကိုတွေ့ရစဥ်။ ဓာတ်ပုံ-ငါးပြေမပြောက်ကျားတပ်ဖွဲ့

​သေနတ် ၈ လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိ

စက်တင်ဘာ-၄၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်မနက် ၅ နာရီခန့်ကနတ်မောက်မြို့နယ်၊တက်ဝန်ကျေးရွာက ပျုစောထီးခေါင်းဆောင်ဘိုထွန်းနဲ့ ပျူစောထီးတွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဟာ မိနစ် ၄၀ ခန့် ကြာခဲ့ပြီး ပျူခေါင်းဆောင် ဘိုထွန်းအပါအဝင် ပျူစောထီး ၅ ဦး သေဆုံးတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

ဒါ့အပြင် ပျူစောထီးတွေရဲ့ ကားတစ်စီးပျက်စီးကာPoint 22လက်လုပ် ပစ္စတို ၁ လက်၊ M1 ကာဘိုင် ၅ လက်၊ ပြောင်းချောသေနတ် ၂ လက်၊ ကာဘိုင်ကျည် ၉၅ တောင့်၊ ပြောင်းချောကျည် ၃၀တောင့် ၊လက်ပစ်ဗုံး ၂ လုံး၊ ငွေသားတစ်သိန်းကျပ်၊ စစ်ဝတ်တန်ဆာများ၊ ဖုန်း ၄ လုံးနဲ့ စစ်မှုထမ်းစာအုပ်တစ်အုပ် သိမ်းဆည်းရရှိခဲ့တယ်လို့ အထက်ပါအဖွဲ့က ထပ်မံအသိပေးပါတယ်။

စစ်ဆင်ရေးကို သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ပြီး ရေနံချောင်း ပ၊က၊ဖ ၊မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊Chauk Revolutionary Army(CRA)နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ငါးပြေမပြောက်ကျားတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ နတ်မောက်မြို့နယ်မှာလည်း တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ဩဂုတ် ၂၄ ရက်ညက လဲဘူးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သြဂုတ် ၃၀ ရက်မှာလည်း နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စ​က်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်လို့ အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူမှာ နေရာတင်သေဆုံးပြီး ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။