Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်ကစစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်သား၂ဦးသေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သေနတ်နှစ်လက်ရခဲ့တယ်လို့ Fire Dragon တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်း တိုက်ခိုက်မှုမှာ သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ − မင်းမြတ်ဘုန်း

စက်တင်ဘာ−၅၊၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သေနတ်နှစ်လက်ရခဲ့တယ်လို့ Fire Dragon တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့ငွေကြေးကောက်ခံတဲ့ဂိတ်ကို ဒီကနေ့ (စက်တင်ဘာ ၅ရက်) နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနက် ၆ နာရီလောက်မှာ ဝင်တိုက်တာ။အဲဒီနေရာက ညောင်လေးပင်-မဒေါက်ကြားပေါ့။ကားလမ်းပေါ်မှာရှိနေတဲ့ ဂိတ်တနေရာပေါ့”ဟု အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဂိတ်မှာ စစ်တပ်က ဆက်ကြေးကောက်တာ၊ဖမ်းဆီးတာတွေ လုပ်နေတာဖြစ်တဲ့အတွက် Fire Dragon ကွန်မန်ဒိုရဲဘော်တွေ ဝင်တိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားနှစ်ဦးဆီကနေ MA1 သေနတ် တလက်၊ MA2 တလက်နဲ့ ကျည်တွေသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

ညောင်လေးပင်မြို့နယ်အခြေစိုက် ခမရ(၂၀)တပ်ရင်းကနေ လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းက မုက္ခမှု၊ တာပြတ်နဲ့ ရေကြည်ချောင်းကျေးရွာတွေမှာ စစ်တပ်ကဂိတ်စခန်းတွေ အခိုင်အမာဆောက်ပြီး အထိုင်ချထားပါတယ်။

ညောင်လေးပင်မြို့နယ်၊ညောင်လေးပင်မြို့ နဲ့ မဒေါက်မြို့က ၁၁မိုင်အကွာအဝေးရှိပြီးမဒေါက်နဲ့ ရွှေကျင်မြို့နယ်ကနှစ်မိုင်ခွဲကျော်ဝေးပေမယ့် ကြားမှာ စစ်တောင်းမြစ်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။