Connect with us

Hi, what are you looking for?

သတင်း

ပျူရွာကို တပ်မ ၁၀၁ စစ်ကြောင်းရောက်နေချိန် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို တပ်မ ၁၀၁ က စစ်ကြောင်းရောက်နေချိန် တော်လှန်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်စစ်​ကြောင်း (ပုံ​ဟောင်း)။ ဓါတ်ပုံ-စစ်​ကောင်စီ

စက်တင်ဘာ-၇၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို တပ်မ ၁၀၁ က စစ်ကြောင်းရောက်နေချိန် တော်လှန်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ၆ရက်၊မနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို အနောက်ဘုန်းကန်ပျူစောထီးရွာမှာရောက်ရှိနေချိန်မနက်၉ နာရီလောက်မှာ ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One တပ်ဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

“ကားတွေနဲ့ ဘုန်းကန်ပျူစောထီးရွာထဲကို ဝင်လာတာ။ သတင်းရရင်ချင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါ”လို့ ဗိုလ်မြွေဟောက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်သား​တွေဟာ စစ်ကြောင်းထိုးဖို့ရောက်လာတယ်လို့ ယူဆရပြီး ယခုလက်ရှိ ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ-တပ်ရင်း(၁)၊ပခုက္ကူမြို့နယ် ပကဖ-လက်နက်ကြီးတပ်ဖွဲ့COBRA ONE ၊Burma Revolution Rangersတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။