Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာဧည့်စာရင်းအကြောင်းပြပြီးလူငယ်တွေကိုဖမ်းဆီးကာ တပ်သားသစ်စုနေ

မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ်ထဲကရပ်ကွက်အချို့မှာစစ်မှုထမ်းစာရင်းပါတဲ့နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြပြီးဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးတိုင်း မှာ တပ်သားသစ်စုဆောင်းခံရတဲ့လူငယ်တွေကို တွေ့ဆုံနေတဲ့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

စက်တင်ဘာ – ၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ်ထဲကရပ်ကွက်အချို့မှာစစ်မှုထမ်းစာရင်းပါတဲ့နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြပြီးဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်မှုထမ်းစာရင်းပါတဲ့နေအိမ်မှာကာယကံရှင်လူငယ်ရှိ၊မရှိကိုစောင့်ကြည့်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုး၊စစ်တပ်နဲ့ ပျုစောထီးအဖွဲ့ကညအချိန်မှာဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်တာပါ ။

“အိမ်တိုင်းစေ့ဝင်စစ်တာမျိုးတော့မဟုတ်ဘူး၊စာရင်းပါတဲ့သူအိမ်ကိုတိုက် ရိုက်ဝင်တာ” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ကြီးတံခွန်မြို့နယ်ထဲမှာတင်ပြီးခဲ့တဲ့ရက်ပိုင်း လူငယ်နှစ်ဦး ပါသွားတယ်လို့ အဲဒီမြို့ခံက ဆိုပါတယ်။

အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်စစ်သင်တန်းပေးမယ့်တပ်ဆီ ညတွင်းချင်းပို့လိုက်တာလို့သိရပါတယ်။

“ အိမ်ကိုအရင်ချောင်းတာ၊ စစ်မှုထမ်းပါစာရင်းပါတဲ့သူကို တွေ့လိုက်တယ်ဆို အဲဒီည ဧည့်စာရင်းဆိုပြီး ဝင်တော့တာပဲ”လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မနေ့ ညပိုင်း(စက်တင်ဘာ ၆ ရက်)ကလည်းအမရပူရမြို့နယ်၊ဓနုံးကျေးရွာမှာ ဧည့်စာရင်း စစ်ပြီးနောက် လူငယ်အချို့ကို ဖမ်းဆီးသွားတယ်လို့ ရွာခံတွေကပြောပါတယ်။

ဖမ်းခေါ်ခံရသူတွေထဲမှာ စစ်မှုထမ်းစာရင်းမပါပေမယ့် အခြားအရပ်ကရောက်လာပြီး အိမ်ဌားရမ်းနေထိုင်သူတွေကိုပါ ဖမ်းခေါ်သွားတာလို့သိရပါတယ်။

“ဧည့်စာရင်းဆိုပြီး ဝင်စစ်တာ၊ ဖုန်းထဲမှာ ဘာတွေ့ညာတွေ့တယ်နဲ့ တန်းဖမ်းပြီး မန္တလေးတောင်ခြေက တပ်ကိုတန်းပို့လိုက်တာ”လို့ ဖမ်းဆီးခံရသူ တစ်ဦးနဲ့ ရင်းနှီးသူက ပြောပါတယ်။

အခုလိုဖမ်းဆီးမှုတွေမပြုလုပ်ခင် ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ လာမယ့် စစ်မှုထမ်းအပတ်စဉ် (၁၇)အတွက် လူငယ်တွေရှိတဲ့နေအိမ်တွေကို ဆင့်ခေါ်ကာ ရပ်ကွက်ရုံး ၊ ဓမ္မာရုံ တို့မှာ စုရပ်လုပ်ပြီး မဲနှိုက်စေတာပါ။

စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ကြေညာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှာ အပတ်စဉ် (၁၆) ကို စတင်ထားပါတယ်။

အပတ်စဉ် (၁၃) အထိ သင်တန်းဆင်းထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ ရရှိထားပြီလို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်လာသူတွေ လည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။