Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်တိုက်ပွဲပြင်းထန် ၊ စစ်တပ်ရှေ့မတ်ိုးနိုင်

ရှမ်းပြည်နယ်​မြောက်ပိုင်းက ​ကျောက်မဲမြို့ကိုစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဟာ​နောင်ပိန်က​နေ ရှေ့ဆက်မတိုးနိုင်ဘဲ TNLA ပူးပေါင်းတပ်များ က ပိတ်ဆို့တိုက်ခိုက်နေတာ​ကြောင့်တိုက်ပွဲပြင်းထန်​နေပြီး စစ်တပ်ကကျောက်မဲမြို့ကို လေကြောင်းမှ မကြာခဏဗုံးကြဲနေသည်။

TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TNLA

စက်တင်ဘာ-၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်​မြောက်ပိုင်းက ​ကျောက်မဲမြို့ကိုစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဟာ​နောင်ပိန်က​နေ ရှေ့ဆက်မတိုးနိုင်ဘဲ TNLA ပူးပေါင်းတပ်များ က ပိတ်ဆို့တိုက်ခိုက်နေတာ​ကြောင့်တိုက်ပွဲပြင်းထန်​နေပြီး စစ်တပ်ကကျောက်မဲမြို့ကို လေကြောင်းမှ မကြာခဏဗုံးကြဲနေသည်။

ကျောက်မဲမြို့နယ်သို့ သွားသည့်လမ်းပိုင်းမှ နောင်ပိန်တိုက်နယ်ကို သြဂုတ်လ၁၉ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းများဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတိုက်ပွဲစတင်ဖြစ်ခဲ့ပြီးစက်တင်ဘာလ ၇ ရက်အထိ တိုက်ပွဲပြင်းထန်နေသည်။

“တိုက်ပွဲမှာသုံ့ပန်းတွေပါဖမ်းမိတာရှ်ိတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေ များတယ်။တိုက်ပွဲက နောင်ပိန်ရွာထဲနဲ့ ပင်တိန်ရွာထဲမှာ အပြင်းထန်ဆုံးဖြစ်နေတာပါ။ စစ်တပ်ကလေကြောင်းနဲ့ ဒရုန်းတော်တော်သုံးတယ်”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံအများစုစစ်ရှောင်နေကြသော်လည်း မရှောင်နိုင်သူအချို့ရှိနေကာ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင်း ထိခိုက်သေဆုံးမှုများရှိနေသည်။

“စက်တင်ဘာ ၅ရက်က လက်နက်ကြီးထိလို့ ဆုံးသွားတဲ့ အမျိုးသမီးကို အခုထိ မသယ်နိုင်သေးဘူး။ပိတ်မိနေသူကိုစစ်တပ်ကဓါးစာခံလို့ လုပ်ထားတယ်” ဟု နောင်ပိန်စစ်ရှောင်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၆ ရက်တွင်နောင်ပိန်ရွာကိုရော ကျောက်မဲမြို့ကိုပါ လေကြောင်းမှ ဗုံးကြဲခဲ့သည်။

စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် တိုက်ပွဲတွင်အသာရ​နေပြီးကျောက်မဲမြို့ကိုတိုက်ခိုက်တော့မည်ဖြစ်ကာ နောင်ပိန်ရွာတိုက်ပွဲတွင်လည်း TNLA ဆုတ်ခွာနေကြောင်း သတင်းမှားများဆက်တိုက်ဖော်ပြနေကြသည်။ လက်ရှိစစ်ရေးအခြေအနေအရ TNLA သည် ခုခံစစ်ကိုဆင်နွှဲနေပြီး ကျောက်မဲမြို့နယ်အတွင်းမှအရပ်သားများအတွက်လေကြောင်းအန္တရာယ်ကြီးမားနေကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။

နောင်ပိန်တိုက်နယ်အတွင်းစစ်တပ်စစ်ကြောင်းဝင်ရောက်လာစဉ် အရပ်သားများအားပစ်မှတ်ထားသတ်ဖြတ်မှုများကျူးလွန်ခဲ့၍ ကျောက်မဲ-နောင်ပိန်လမ်းတလျှောက်မှ ကျေးရွာများအန္တရာယ်ကြီးမားနေသည်ဟု၎င်းကပြောသည်။ ကျောက်မဲမြို့နှင့်နောင်ပိန်တိုက်နယ်သည် ၁၅မိုင်ခန့် ဝေးပြီး လမ်းတလျှောက်နှင့် ပတ်ဝန်းကျင်၌ ရွာဆယ်ရွာထက်မနည်းရှိနေသည်။

လတ်တလောတိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်အတွင်း ကျေးရွာပေါင်း၂၁ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော်သည် သီပေါ၊ လားရှိုးမြို့နယ်များဘက်သို့ထွက်‌ပြေး တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် နောင်ပိန်တိုက်နယ်အတွင်း၌ တိုက္ ပွဲများပိုမိုပြင်းထန်လာမှုကြောင့်ဒေသခံပြည်သူ ထောင်ချီသည် အနီးအနားရှိဘေးလွတ်ရာ ဒေသများသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီးအကူ အညီများစွာလိုအပ်‌ နေ၍ ဝိုင်းဝန်းကူညီပေးရန် သျှမ်းကျောင်းသားသမဂ္ဂက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။