Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စုထီးချိုင့်နယ်ဖြတ်စဉ်ဗုံးကြဲတိုက်ခိုက်၍ ပြည်သူ ၁၂ဦးသေဆုံး၊ ၃၀ခန့် ဒဏ်ရာရဟု ပအဖ ပြော

စစ်သင်္ဘောအုပ်စုလုံခြုံရေးလိုက်ပါလာသည့်လေယာဉ်မှဗုံးကြဲတိုက်ခိုက် ၍ ထီးချိုင့်ဒေသခံများ ထိခိုက်သေဆုံးမှုဖြစ်ခဲ့ရကြောင်း ထီးချိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။

ဗန်းမော်မြို့သို့တက်သည့် စစ်သင်္ဘောအုပ်စုမှအချို့အား ဇူလိုင် ၂၂ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-ဌေးကိုကို

စက်တင်ဘာ− ၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်သင်္ဘောအုပ်စုလုံခြုံရေးလိုက်ပါလာသည့်လေယာဉ်မှဗုံးကြဲတိုက်ခိုက် ၍ ထီးချိုင့်ဒေသခံများ ထိခိုက်သေဆုံးမှုဖြစ်ခဲ့ရကြောင်း ထီးချိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။

ဗန်းမော်မြို့မှပြန်ဆင်းလာသည့်စစ်သင်္ဘောအုပ်စုသည်စက်တင်ဘာ ၇ရက်တွင်ထီးချိုင့်မြို့နယ်ကိုဖြတ်သန်းပြီး စုန်ဆင်းစဉ် သင်္ဘောလုံခြုံရေး လိုက်ပေးသည့် Y12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“စစ်သင်္ဘောတွေကို တိုက်ခိုက်ခံရတာမရှိဘဲ လေကြောင်း Y12 နဲ့ ဗုံးကြဲတာပါ”ဟု မြို့နယ်ပအဖသတင်းပြန်ကြားရေးတာဝန်ရှိသူကပြော သည်။

Public Service Announcement

Public Service Announcement

ထိုသို့စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့်ထီးချိုင့်မြို့နယ်မောင်းကုန်းရွာမှ ပြည်သူ ၅ဦး၊ ကျောက်မှော်မှ ၂ဦး၊ ဘိုကန်းမှ ၃ဦးနှင့် ဝဲကြီးကျေးရွာမှ ပြည်သူ၂ဦး စုစုပေါင်း ပြည်သူ ၁၂ဦး အထိ သေဆုံးခဲ့ဟု ဆိုသည်။

“အပြင်းအထန်လူနာ ၁၀ဦး ရှိပါတယ်။ ထိခိုက်ပြည်သူ ၃၀လောက်ရှိပါတယ်”ဟု ပအဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီအနေဖြင့်ပြည်သူကိုရန်သူဟုသတ်မှတ်ထား၍ပြောစရာစကားပင်မရှိဟု အကြောင်းမဲ့ တိုက်ခိုက်မှုများကြောင့် ပြည်သူများသေဆုံးထိခိုက်ဖြစ်ပွားခဲ့ရသည် ဖြစ်စဉ်အပေါ် ပအဖ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

အခြားသတင်းတရပ်မှာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁ဦး သေဆုံးပြီး အမျိုးသား ၁ဦး ဒဏ်ရာရခဲ့သည်ဟု PDF ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက လူမှုကွန်ရက်တွင်ဖော်ပြထားသည်။

စက်တင်ဘာ ၈ရက် နံနက်တွင် မရမ်းချောင်းကျေးရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ဟု ဆိုသည်။

“သေဆုံးသူကလေးရဲ့အဖေကိုသူရအောင်ကိုမနေ့ညပိုင်းက အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားပြီးအခုအချိန်ထိပြန်မလွှတ်သေးပါ “ဟုလည်း ရဲဘော် စောဒါးကိုက ရေးသားထားသည်။

ထို့ပြင်ကလိန်အောင်ဘက်မှတက်လာသည့်ကား၂စီးကိုလည်းစစ်ကောင်စီတပ်ကအကြောင်းမဲ့ပစ်ခတ်ပြီးကားတစီးကိုမီးရှို့ဖျက်ဆီးခဲ့ဟု ဆိုသည်။

ကားသမားသေဆုံးသည်ဟု သတင်းကြားရသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီတပ်က အမှတ်(၈) ပြည်ထောင်စုလမ်းကို ပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေသည်မှာ ၂လ နီးပါးရှိပြီဖြစ် ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး စစ်ရေးအရ ကူညီပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကို မဟာမိတ် နိုင်ငံတော်တော်များများက ပယ်ချထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အကူအညီတွေ လာနေပြီလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဆီ အင်အားတိုးမြှင့် ဖြန့်ကျက်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။