Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာ နှင့် အမ်း-ပဒါန်းလမ်းပိုင်း တိုက်ပွဲပြင်းထန် ၊စစ်တပ်သေဆုံးမှုများနေ

အမ်း-ပဒါန်းလမ်းပိုင်း နှင့် နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်တွင်သေဆုံးဒဏ်ရာရသူများပြားနေကာ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်ဟု​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ပန်း​တောင်း မြို့နယ်၊​ညောင်ကျိုးရွာအနီးစက်တင်ဘာလဆန်းကဖြစ်ပွား​သောတိုက်ပွဲ၌ စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ-AA Infodesk

စက်တင်ဘာ-၈၊၂၀၂၅။လူအေး/People’s Spring

အမ်း-ပဒါန်းလမ်းပိုင်း နှင့် နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်တွင်သေဆုံးဒဏ်ရာရသူများပြားနေကာ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်ဟု​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်း နှင့် ယင်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၌ စက်
တင်ဘာလ ၆ရက်မှစ၍ တိုက်ပွဲများ ‌တကျော့ပြန်ပြင်းထန်နေခြင်းဖြစ်သည်။

“ဒီတစ်ခါတိုက်ပွဲကတော်တော်ကိုပြင်းထန်နေပါတယ်။ စစ်ကောင်စီကလေကြောင်းကနေဆက်
တိုက်ကြီး ဗုံးကြဲနေတယ်။တိုက်ပွဲမှာစစ်တပ်တော်
တော်ကျတယ်။အသေတွေများတယ်” ဟု ငဖဲမြို့နယ်မှသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှသေဆုံးမှုများနှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသော်လည်း People’s Spring က ကြည့်ရှုခဲ့ရသည့်ရုပ်သံတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးနေသည်ကိုတွေ့ရသည်။

“စစ်ကောင်စီတော်တော်လေး သေဆုံးတာများပါတယ်။ လက်ရှိမှာလေကြောင်းကနေ လာပစ်နေပါတယ်။ ကျန်တဲ့အခြေအနေတွေမပြောနိုင်သေးပါ”
ဟု အခြားစစ်ရေးသတင်းရင်းမြစ်ကလည်းပြော
သည်။

နတ်ရေကန်ဗျူဟာသည်ငဖဲမြို့နယ်၌တည်ရှိ
သည်။လက်ရှိဖြစ်ပွား‌နေသာ တိုက်ပွဲနှင့်ပတ်
သက်၍ အာရက္ခတပ်တော်(AA)က သတင်းမထုတ်ပြန်သေးပေ။

AA ကနတ်ရေကန်ဗျူဟာအနီး၌ ဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ စက်တင်လာလ ၅ရက်ကတိုက်ပွဲသတင်း နောက်ဆုံးထုတ်ပြန်ထားရာတွင် စစ်ကောင်စီ စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ
-ဆလအခွဲ (၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် စက်တင်ဘာလ (၄) ရက်၊ နေ့လယ်တွင် ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စကခ (၁၇) လက်အောက်ခံ တပ်များသည် လက်နက်
ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုးအိတ်အများအပြားကိုထား
ခဲ့ပြီး တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ​ဖော်ပြထားသည်။

ငဖဲမြို့နယ်အတွင်း ဩဂုတ်လ ၁၄ရက်နေ့က ဖြစ်
ပွားသော တိုက်ပွဲတွင်လည်းတပ်မ(၉၉)လက်
အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်းAAက သတင်းထုတ်ပြန်ခဲ့သည်။

အမ်း-ပဒါန်းလမ်း နှင့် နတ်ရေကန်ဗျူဟာကို ထိန်း
ချုပ်ရေးတိုက်ခိုက်နေသည့် စစ်ဆင်ရေးများကို အာရက္ခတပ်‌တော်(AA)နှင့် ပူးပေါင်းတပ်များက ၂၀၂၅ခုနှစ်ဆန်းပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၈ရက်က အင်အားပြင်းငလျင်ကြောင့် ထိခိုက်သူများအ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန်အတွက် AAက စစ်ရေးအရှိန် လျှော့ထားစဉ်
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများ
ရာချီပို့၍ အင်အားဖြည့်တင်းခဲ့သည်။ ယခုအခါ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး သေဆုံးသူအများစုမှာစစ်သင်တန်းဆင်းများဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီသည်စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာကြသော ရဲဘော်သစ်များဖြင့် စုဖွဲထားသည့် တပ်ရင်းများကို အသုံးပြုကာ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း AA က စက်တင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်တပ်က တိုက်ပွဲဖြစ်လျင်စစ်သားသစ်များကို​ရှေ့ကတိုက်ခိုင်းပြီးထွက်​ပြေးလာလျင် ပစ်သတ်ခြင်း ၊ဖမ်းဆီးဒဏ်ခတ်ခြင်းများပြုလုပ်​လေ့ရှိ​ကြောင်း တပ်မ ၉၉ လက်​အောက်ခံ ခမရ (၁၉)မှထွက်​ပြေးလာ​သော စစ်မှုထမ်းစစ်သားသစ် ​နေသူရမျိုးကလည်း AAထံအလင်းဝင်ပြီး​နောက် စစ်တပ်တွင်းအ​ခြေအ​နေကိုထွက်ဆိုထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ဇတ်တူသားချင်းအစားခံရတာ"လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေ ထပ်ပို့နေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

အတွေးအမြင်

တပ်ချုပ်ရာထူးကို နေပြည်တော် ဇေယျာသီရိဗိမ္မာန်မှာ အခမ်းအနားနဲ့အတူလက်ခံရယူစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့မူဝါဒနဲ့ လမ်းစဥ်တွေအတိုင်း စစ်တပ်ကိုဆက်လက်ဦးဆောင်မယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ကတိခံခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကနတ်ရေကန်ဗျူဟာမှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ‌တော်လှန်ရေးရဲဘော်တွေက ငဖဲမြို့ထဲအထိဝင်ပြီး နယ်မြေစိုးမိုးရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။