Connect with us

Hi, what are you looking for?

သတင်း

ရွှေစျေး တကျပ်သား ကျပ်သိန်း၈၀ခန့် ရောက်လာ

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ခန့်ရှိလာတယ်လို့ ရွှေနဲ့ငွေ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောပါတယ်။

စက်တင်ဘာ-၉၊၂၀၂၅။ဇော်ဝင်း /People’s Spring

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ခန့်ရှိလာတယ်လို့ ရွှေနဲ့ငွေ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၉ ရက်) နေ့လယ်ပိုင်း ကမ္ဘာ့ရွှေစျေးက တအောင်စ ဒေါ်လာ ၃,၆၄၇ စျေးနဲ့ စံချိန်တင်ထားပြီး သမိုင်းတလျှောက်အမြင့်ဆုံးစျေးလို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြင်ပရွှေစျေးကွက်အရ ၁၆ ပဲရည် တကျပ်သား ကျပ် ၇၉ သိန်း ၉သောင်း ၊ ၁၅ ပဲရည် (၇၅ သိန်း) ဝန်းကျင်နဲ့ အရောင်းအဝယ်ရှိနေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူအချို့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က စပြီး ကမ္ဘာ့​​ရွှေက ၃,၆၀၀ ကျော်တယ်။ဒီနေ့လည်း ဆက်တက်နေတယ်။ပြည်တွင်း ရွှေလည်း ထပ်တက် လာတာပေါ့။အခုက အဝယ်ထက် အရောင်းပိုလိုက်တယ်”လို့ ရွှေအရောင်းအဝယ်လုပ်နေသူတဦးက ပြောပါတယ်။

ကျပ်သိန်း ၈၀ခန့်ရှိလာတဲ့ ပြည်တွင်း ရွှေစျေးက ဇွန်လနောက်ပိုင်းအမြင့်ဆုံးစျေးဖြစ်လာပြီး တပတ်အတွင်း တကျပ်သားသုံးသိန်းလောက် စျေးတက်လာတာလို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့ရွှေစျေးအခြေအနေကြောင့် ရွှေဆိုင်တွေရဲ့စျေးသတ်မှတ်မှု နဲ့ ပြင်ပရွှေ အရောင်း၊အဝယ်စျေးကို နှိုင်း​ဆသတိပြုဖို့လည်း ရွှေစျေးကွက်စောင့်ကြည့်သူတွေက အကြံပြုပါတယ်။

“အရင် သိန်း ၈၀ စျေးတန်းတုန်းက အတက်စျေးနဲ့ မိထားတဲ့သူ တွေရှိလို့ အခုစျေးတန်းတန့်နေတယ် ပြောရမယ်။တစ်ခုပဲ အခုချိန်ဝယ်တာ၊ရောင်းတာ မမှားဖို့လိုတယ်။ကမ္ဘာ့ ရွှေက မှန်းထားသလို ၃,၇၀၀ ဖြစ်မလား၊မဖြစ်မလားဆိုတာတော့ ယတိပြတ် မပြောနိုင်ဘူး”လို့ ရွှေစျေးလေ့လာသူတဦးက ပြောပါတယ်။

တရှိန်ထိုးတက်နေတဲ့ ကမ္ဘာ့ရွှေစျေးက အမေရိကန်နိုင်ငံရဲ့ ဘဏ်အတိုးနှုန်း လျှော့ချမှုကနေ တဆင့် တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်လာတာလို့လည်း သူက ဆက်ပြောပါတယ်။

ဒီကနေ့ စစ်ကောင်စီရဲ့ ရွှေလုပ်ငန်းရှင်အသင်းက ၁၆ပဲရည် တကျပ်သားကို ကျပ် ၅,၉၆၀ ,၀၀၀နဲ့သတ်မှတ်ပါတယ်။ဒီသတ်မှတ်စျေးနဲ့ရွှေဆိုင်တွေကို ရောင်းဝယ်ဖို့ ညွှန်ကြားပေမယ့် ရွှေဆိုင်တွေက အရောင်းအဝယ်မလုပ်ကြပါဘူး။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား မှာ ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။

နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၂၅၀ နဲ့ အရောင်း ကျပ် ၄,၃၁၀ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။