Connect with us

Hi, what are you looking for?

သတင်း

၀ိုင်းမော်တိုက်ပွဲ စစ်တပ် သံချပ်ကာယာဉ်ကို KIAဖျက်ဆီး၊ ဗန်းမော်တိုက်ပွဲ စစ်ကောင်စီ တပ်ရင်းမှူးသေဆုံးဟုဆို

ကချင်ပြည်နယ်၊ ၀ိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(စက်တင်ဘာ ၉ရက်) တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA၊ KPDF ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Sirinda

စက်တင်ဘာ−၉၊ ၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ၀ိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(စက်တင်ဘာ ၉ရက်) တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောရာ အသေးစိတ်အခြေအနေ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

” လမြန်ရွာ LBC ခရစ်ယာန် ဘုရားကျောင်း တ၀ိုက်တနေကုန် တိုက်ပွဲပြင်းထန်တယ်။ စခတွေထိုးစစ်အရှိန်မြှင့်တာ။ လေကြောင်း ပစ်ကူ ၅ကြိမ်ရှိတယ်။ စခသံချပ်ကာကား တစီးကို KIA ပစ်ခတ်ဖျက်ဆီးနိုင်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ သံချပ်ကာယာဉ် မီးလောင်သွားပြီး သုံးမရတော့ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့တွင် ပြည်သူ့စစ်အင်အားများအသုံးပြုပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ယခင် KIA သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခြင်းဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိကာ စစ်သုံ့ပန်းများကို KIAက ဖမ်းဆီးနိုင်ခဲ့သည်။

ထို့အပြင် ယမန်နေ့ကလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်အထိနာကာ ပွိုင့်ဖိုက်စက်သေနတ်ကြီးများကိုပါ KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည့် ဗန်းမော်တွင်လည်း စစ်ကောင်စီတပ် ထပ်မံ အထိနာပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ ဆုတ်ခွာထွက်ပြေးဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့က ဗန်းမော်မြို့တွင် သံချပ်ကာတပ်ရင်းနှင့်ခလရ(၂၃၆)တပ်ရင်း ၌တိုက်ပွဲပြင်းထန်ခဲ့ရာ ယနေ့ တွင်လည်း သံချပ်ကာတပ်ရင်း၌ ဆက်လက်တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

“တပ်ရင်းမှူးနဲ့အတူ စခ ၁၀ ဦးကျော် သေဆုံးတယ်။ ၂၁ဘက် ပြန်ဆုတ်ပြေးတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့သော် တိုက်ပွဲများအတွင်း စစ်တပ်၏ သံချပ်ကာယာဉ် ဖျက်ဆီးနိုင်မှုနှင့် တပ်ရင်းမှူးအပါအဝင် သေဆုံးမှုများအပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ထို့ပြင် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့သည့် ဖားကန့်မြို့တွင်လည်း ယနေ့ တိုက်ပွဲ ဆက်ရှိဟု ပြောသည်။

ဖားကန့်မြို့နယ် ရှရှော်ခရွာအနီး ညောင်ပင်ကုန်းနေရာ၌ စက်တင်ဘာ ၉ရက် တနေ့လုံး တိုက်ပွဲပြင်းထန်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ဒေသ စစ်ရေး အခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။