Connect with us

Hi, what are you looking for?

သတင်း

သာသနာညှိးနွမ်းစေမှုနဲ့ DJ အမျိုးသမီးတစ်ဦးဖမ်းခံရပြီး ကလပ်ကို ချိတ်ပိတ်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းကို မန္တလေးမြို့ရှိ ကလပ်မှာ DJ တီးခတ်ဖျော်ဖြေတာကြောင့် သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကောင်စီ က DJ Violet ကိုဖမ်းဆီးလိုက်သလို ကလပ်ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - DJ Violet/FB

စက်တင်ဘာ – ၁၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းကို မန္တလေးမြို့ရှိ ကလပ်မှာ DJ တီးခတ်ဖျော်ဖြေတာကြောင့် သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကောင်စီ က DJ Violet ကိုဖမ်းဆီးလိုက်သလို ကလပ်ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။

ကလပ်မှာ အဲဒီ သီချင်းတီးခတ်ဖျော်ဖြေမှု ရုပ်သံထွက်ပေါ်လာပြီးနောက်မှာ မဘသ ဘုန်းကြီးအချို့က သာသနာညှိးနွမ်းစေမှုနဲ့အရေးယူဖို့ လှုံ့ဆော်ခဲ့တာရှိပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူ ဦးသုစိတ္တ (မျိုးချစ်သမဂ္ဂ ) နဲ့ လက်နက်ကိုင် ပျုစောထီး တပ်ဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပေါကိုယ်တော်တို့က တရားစွဲအရေးယူမယ်လို့ လူမှုကွန်ရက်ကနေ ခြိမ်းခြောက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပေါက်ကိုယ်တော်က အမှုမဖွင့်ပေးတဲ့ ရဲစခန်းကို ဆန္ဒပြမယ်လို့ သူရဲ့တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁၁ ရက်မှာ ကြုံးဝါးခဲ့ပါတယ်။

အဲဒီနောက် မနေ့ စက်တင်ဘာလ ၁၁ ညပိုင်းမှာပဲ DJ Violet ကို ဖမ်းဆီးသွားတာ ကြားသိရတယ်လို့ ပေါက်ကိုယ်တော်က ရုပ်သံဖိုင်နဲ့အသိပေး ပြောကြားထားပါတယ်။

ဒါပေမယ့်အခုလို ဖမ်းခံရတာက သူ့ကြောင့်မဟုတ်ဘူးလို့လည်း ပြန်လည်ငြင်းဆိုထားပါတယ်။

အခုတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန် တောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ COVER ကလပ် ကိုလည်း DJ Viloet ကိုဖမ်းဆီးတဲ့ စက်တင်ဘာလ ၁၁ ရက်ညပိုင်းမှာပဲ ချိတ်ပိတ်ခဲ့တယ်လို့သိရပါတယ်။

“ခရိုင်ထွေအုပ်က ချိတ်ပိတ်ခိုင်းတာပေါ့၊ တိုင်းအစိုးရ ညွှန်ကြားချက်ပါတယ်ဆိုပြီး ပိတ်သွားတာ”လို့ Cover ကလပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကလပ်ကိုဝင်ရောက်ချိတ်ပိတ်ချိန်မှာ ဝန်ထမ်းရှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

DJ Violet ဟာ ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ် ၊သံဃနာယကအဖွဲ့ကိုလည်း ဝန်ချတောင်းပန်ခဲ့သလို၊ တရားစွဲမယ်ဆိုတဲ့ ပေါက်ကိုယ်တော်ကိုလည်း ဖုန်းကနေတဆင့် တောင်းပန်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ Transporter Bar အနီး Paradise Entertainment အမည်နဲ့ဖွင့်တဲ့ကလပ်က DJ တီးသူအပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူ​တွေက​​ပြောပါတယ်။

သတင်း

မန္တလေးမြို့ရှိ Cover Clubတွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းကို ဒီဂျေတီးခတ်ဖျော်ဖြေမှုနှင့်ပတ်သက်ပြီး ဒီဂျေတီးခတ်သူ Violet အပါအဝင် ငါးဦးကို ပုဒ်မ ၅၀၅-ကဖြင့်အမှူဖွင့်ထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန် သည်။

News

“ရေပေါ်ဆီလူတန်းစားတွေ၊လူချမ်းသာ​တွေ အသွားများတဲ့ ဘား‌တွေကို ဒီနေ့စပြီး ပိတ်ရမယ်လို့ ပြောတယ် ”ဟု ဘားတစ်ခုမှ ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။