Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ရှိ ဘားနှင့်ကလပ်အချို့ ယာယီပိတ်ရန် စစ်​ကောင်စီညွှန်ကြား

“ရေပေါ်ဆီလူတန်းစားတွေ၊လူချမ်းသာ​တွေ အသွားများတဲ့ ဘား‌တွေကို ဒီနေ့စပြီး ပိတ်ရမယ်လို့ ပြောတယ် ”ဟု ဘားတစ်ခုမှ ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ဘားနှင့် ကလပ်အချို့ကို ယ​နေ့(နိုဝင်ဘာ ၆ရက်)စ၍ ယာယီပိတ်သိမ်းရန် အကြမ်းဖက်စစ်​ကောင် စီအဖွဲ့က ညွှန်ကြားလာ​ကြောင်း အဆိုပါဆိုင်တာဝန်ရှိသူများက ​ပြောသည်။

မည့်သည့်အကြောင်းပြချက်ဖြင့် ပိတ်ခိုင်းသည်ကို မသိရကြောင်းနှင့် အနည်းဆုံးသုံးရက် ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ရေပေါ်ဆီလူတန်းစားတွေ၊လူချမ်းသာ​တွေ အသွားများတဲ့ ဘား‌တွေကို ဒီနေ့စပြီး ပိတ်ရမယ်လို့ ပြောတယ် ”ဟု ဘားတစ်ခုမှ ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

အင်းယားရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် Malibu Barက လတ်တလောအခြေအနေများအရ ၎င်းတို့ဘားကို နိုဝင်ဘာ ၇ရက်စတင်ပြီး ခဏပိတ်သိမ်းကြောင်း အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဟံသာဝတီအဝိုင်းအနီးရှိ Beer VIBE ဘားကလည်း နိုဝင်ဘာ ၆ ရက်က စတင်ပြီး ပိတ်ထားမည်ဖြစ်ကြောင်း ဆိုထားသည်။ လင့်ခ်လမ်းနှင့် ဓမ္မဇေတီလမ်းထောင့်ရှိ Regional Barကလည်း အထက်ပါအတိုင်းကြေငြာထားသည်။

ဘားနှင့် ကလပ်အချို့ကို ယာယီပိတ်သိမ်းခိုင်းသော်လည်း စားသောက်ဆိုင်များကို ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ရောင်းချခွင့်ပြုကြောင်း စားသောက်ဆိုင်မန်နေဂျာများထံမှ သိရသည်။

ထိုသို့ပိတ်ခိုင်းခြင်းသည် ကိုဗစ်ရောဂါနှင့် သက်ဆိုင်မှုမရှိဘဲ စစ်ဖက်အနွယ်ဝင်သားသမီးများကို ပစ်ခတ်လုပ်ကြံမည်စိုးရိမ်သောကြောင့်ဖြစ်နိုင်သည်ဟု ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ စီးပွားရေးကြောထောက်နောက်ခံ မိုင်တဲလ်ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ကို အမည်မသိလက်နက်ကိုင်များက နိုဝင်ဘာ၄ရက်တွင် ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

သတင်း

ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့​သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟိုတယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။