Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ရှိ ဘားနှင့်ကလပ်အချို့ ယာယီပိတ်ရန် စစ်​ကောင်စီညွှန်ကြား

“ရေပေါ်ဆီလူတန်းစားတွေ၊လူချမ်းသာ​တွေ အသွားများတဲ့ ဘား‌တွေကို ဒီနေ့စပြီး ပိတ်ရမယ်လို့ ပြောတယ် ”ဟု ဘားတစ်ခုမှ ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ဘားနှင့် ကလပ်အချို့ကို ယ​နေ့(နိုဝင်ဘာ ၆ရက်)စ၍ ယာယီပိတ်သိမ်းရန် အကြမ်းဖက်စစ်​ကောင် စီအဖွဲ့က ညွှန်ကြားလာ​ကြောင်း အဆိုပါဆိုင်တာဝန်ရှိသူများက ​ပြောသည်။

မည့်သည့်အကြောင်းပြချက်ဖြင့် ပိတ်ခိုင်းသည်ကို မသိရကြောင်းနှင့် အနည်းဆုံးသုံးရက် ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ရေပေါ်ဆီလူတန်းစားတွေ၊လူချမ်းသာ​တွေ အသွားများတဲ့ ဘား‌တွေကို ဒီနေ့စပြီး ပိတ်ရမယ်လို့ ပြောတယ် ”ဟု ဘားတစ်ခုမှ ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

အင်းယားရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် Malibu Barက လတ်တလောအခြေအနေများအရ ၎င်းတို့ဘားကို နိုဝင်ဘာ ၇ရက်စတင်ပြီး ခဏပိတ်သိမ်းကြောင်း အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဟံသာဝတီအဝိုင်းအနီးရှိ Beer VIBE ဘားကလည်း နိုဝင်ဘာ ၆ ရက်က စတင်ပြီး ပိတ်ထားမည်ဖြစ်ကြောင်း ဆိုထားသည်။ လင့်ခ်လမ်းနှင့် ဓမ္မဇေတီလမ်းထောင့်ရှိ Regional Barကလည်း အထက်ပါအတိုင်းကြေငြာထားသည်။

ဘားနှင့် ကလပ်အချို့ကို ယာယီပိတ်သိမ်းခိုင်းသော်လည်း စားသောက်ဆိုင်များကို ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ရောင်းချခွင့်ပြုကြောင်း စားသောက်ဆိုင်မန်နေဂျာများထံမှ သိရသည်။

ထိုသို့ပိတ်ခိုင်းခြင်းသည် ကိုဗစ်ရောဂါနှင့် သက်ဆိုင်မှုမရှိဘဲ စစ်ဖက်အနွယ်ဝင်သားသမီးများကို ပစ်ခတ်လုပ်ကြံမည်စိုးရိမ်သောကြောင့်ဖြစ်နိုင်သည်ဟု ဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ စီးပွားရေးကြောထောက်နောက်ခံ မိုင်တဲလ်ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ကို အမည်မသိလက်နက်ကိုင်များက နိုဝင်ဘာ၄ရက်တွင် ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ Transporter Bar အနီး Paradise Entertainment အမည်နဲ့ဖွင့်တဲ့ကလပ်က DJ တီးသူအပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူ​တွေက​​ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။