Connect with us

Hi, what are you looking for?

သတင်း

ကလပ်မှာ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်း ဒီဂျေတီးခတ်သူအပါအဝင် ၅ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

မန္တလေးမြို့ရှိ Cover Clubတွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းကို ဒီဂျေတီးခတ်ဖျော်ဖြေမှုနှင့်ပတ်သက်ပြီး ဒီဂျေတီးခတ်သူ Violet အပါအဝင် ငါးဦးကို ပုဒ်မ ၅၀၅-ကဖြင့်အမှူဖွင့်ထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန် သည်။

မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော်များအားတောင်းပန်သော်လည်း ဖမ်းဆီးခံရ

စက်တင်ဘာ-၁၃၊၂၀၂၅။တေဇ/People’s Spring

မန္တလေးမြို့ရှိ Cover Clubတွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းကို ဒီဂျေတီးခတ်ဖျော်ဖြေမှုနှင့်ပတ်သက်ပြီး ဒီဂျေတီးခတ်သူ Violet အပါအဝင် ငါးဦးကို ပုဒ်မ ၅၀၅-ကဖြင့်အမှူဖွင့်ထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန် သည်။

အဆိုပါဖျော်ဖြေမှုကို မန္တလေးမြို့ Cover Club ဆိုင်၌ ဇူလိုင် ၃၁ရက်ညတွင် DJ Violet ၏ ဖျော်ဖြေမှုအစီအစဉ်၌ အထက်ပါသီချင်းကို ဒီဂျေတီးခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသီချင်းကို အရက်မူး၍ သရုပ်ပျက်အဝတ်အစားများ ဖြင့် ကပြခြင်းသည် ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် DJ Violet(ခ) ခင်ထွေးထွေးမွန် နှင့် ၎င်း၏ခင်ပွန်းဖြစ်သလို မန်နေဂျာဟုဆိုသည့်ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်တို့ကို စက်တင်ဘာ ၁၁ ရက်ညတွင်ဖမ်းဆီးခဲ့ပြီးCover Club ဆိုင်ရှင်နှင့်မန်နေဂျာတို့ကို စက်တင် ဘာ ၁၃ ရက် နေ့လည်တွင် အဆိုပါဆိုင်၌ ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖမ်းဆီးထားသူများကို မဟာအောင်မြေမြို့နယ် ၊ အမှတ် (၉) မြို့မ ရဲစခန်း၌ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေသည်ဟု ဆိုသည်။

DJ Violetထံမှ Memory Stick ခြောက်ခု သိမ်းဆည်းခဲ့ပြီး Cover Club ဆိုင်အတွင်းမှ DJ စက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ ဆိုင်အား ချိတ်ပိတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါဆိုင်ကို စက်တင်ဘာ ၁၁ ရက်ညနေကချိတ်ပိတ်သည်ဟု မြေပြင်သတင်းများအရသိရပြီး ဆိုင်ဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးသွားသည်ဟုဆိုသော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ယင်းအချက်ကို ဖော်ပြထားခြင်းမရှိပေ။

အထက်ပါသီချင်းကို DJ တီးထားသည့်ဗီဒီယိုဖိုင်ကို စက်တင်ဘာ ၁၀ရက်ညတွင် Tik Tok အပါအဝင် လူမှူကွန်ရက် ၌ ပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထောက်ခံသည့် မဘသဘုန်းကြီးများနှင့် အမျိုးသားရေးအစွန်း ရောက်များက အရေးယူပေးရန် တယ်လီဂရန်ချန်နယ်များ၌ တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် DJ Violet ၎င်းနေထိုင်သည့် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော်ထံတောင်းပန်ကြောင်း လျှောက်ထားခဲ့ပြီး သံဃာတော်များဘက်မှလည်း ဝန်ချတောင်းပန်သောကြောင့် ခွင့်လွှတ်ကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

သို့သော်လည်း ပျူစောထီးများဖွဲ့စည်းပြီး စစ်ကောင်စီအား စစ်ကူတိုက်ပေးနေသော ပေါက်ကိုယ်တော် က ဒီဂျေတီးခတ်ခဲ့သည့် မြို့နယ်မှ သံဃာ့နာယကအဖွဲ့ကိုတောင်းပန်ရမည်ဖြစ်ပြီး ၎င်းအနေဖြင့် အမှုဖွင့် တရားစွဲဆိုမည်ဟု လူမှုကွန်ရက်မှ ခြိမ်းခြောက်ခဲ့သောကြောင့် DJ Violet က ပေါက်ကိုယ်တော်ထံ ဖုန်းဆက်၍ တောင်းပန်ခဲ့သည်။

သို့သော်လည်း စက်တင်ဘာ ၁၁ ရက်ညတွင် အဖမ်းခံခဲ့ရသောကြောင့် ပေါက်ကိုယ်တော်က ၎င်းကြောင့်မဟုတ်ဟု ပြန်လည် ငြင်းချက်ထုတ်ခဲ့သည်။

DJ Violet သည် ပြီးခဲ့သည့် ၂၀၂၃တွင်လည်း မြစ်ကြီးနားမြို့၌ ဖျော်ဖြေပွဲမှအပြန်တွင် လေဆိပ်၌ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။