Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာမိုးများလို့ လမ်းတွေရေကြီးနေ

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းတွေရေလျှံနေပြီးယာဥ်တွေပိတ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မိုးရွာလို့ ရေလျှံနေတဲ့ မန္တလေးက လမ်းတချို့၊ စိန်ပန်းပင်လဲကျလို့ ကားထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံနဲ့ မီးသတ်

စက်တင်ဘာ-၁၄၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းတွေရေလျှံနေပြီးယာဥ်တွေပိတ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲခန့်ကတည်းက ဒီမနက်အထိ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မန္တလေးမြို့က အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၃၅ လမ်း၊ ၆၂ လမ်း၊ လမ်း ၆၀၊ ၆၅လမ်း၊ လမ်း ၃၀၊ ၇၄ လမ်း၊ စတဲ့ လမ်းမကြီးတွေရဲ့ နေရာတချို့မှာ ရေမြုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

“ရေ​တွေ လမ်း​တလျှောက်အရမ်းများတယ်။ ကား​တွေ ကြပ် ပိတ်နေတာပဲ။ တချို့ကား​တွေ ဆင်းတွန်း​နေရတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အောင်မြေသာစံမြို့နယ်၊ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၃လမ်းနဲ့ ၂၄လမ်းကြား၊ ၈၆လမ်းမှာလည်း စိန်ပန်းပင်လဲကျပြီး ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးဟာ မိုးရွာတိုင်း ရေလျှံတဲ့ပြဿနာ ကြုံတွေ့ခဲ့ရပြီး ပြည်သူ့အစိုးရလက်ထက်တုန်းကတော့ အဲဒီပြဿနာ လျော့ပါးသွားခဲ့ပါသေးတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှာတော့စည်ပင်သာယာလုပ်ငန်းတွေလည်း လျော့တိလျော့ရဲ ဖြစ်လာခဲ့ပြီး အခုလို မိုးရွာတာနဲ့ ရေကြီးရေလျှံတာတွေ ပြန်လည်ဖြစ်ပွားလာတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့မိုးဇလဌာနကတော့ စက်တင်ဘာ ၁၄ ရက်အထိ မိုးလေသခန့်မှန်းချက်ထုတ်ပြန်ခဲ့ရာမှာစစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးခြင်းတွေကြောင့် မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်သင့်ကြောင်းသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာကလောချောင်းရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိလူနေအိမ်အချို့ရေဝင်နေသလို ကားလမ်းရေကျော်တာတွေလည်းဖြစ်နေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုနဲ့ မိုးခေါင်မှုတွေ ကြုံတွေ့လာတဲ့အခါ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ရေးအတွက် ၂၄ နာရီ လည်ပတ်မယ့် ကွပ်ကဲရေး စင်တာတွေ ဖွင့်လှစ်ဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းက ညောင်ပင်ဝန်းမှာ ရေကြီးနေလို့ ခရီးသွားယာဥ်ငယ်တွေ ဖြတ်သန်းလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။