Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းနဲ့ မြို့နယ်ချင်းစပ်လမ်းပိုင်းမှာလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲ

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီး အဖွဲ့က ခရီးသွားလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် (၁၇) အတွက် လူသစ်စုခံသူတွေကိုတွေ့ရပုံ ဓာတ်ပုံ - စစ်ကောင်စီ

စက်တင်ဘာ – ၁၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီး အဖွဲ့က ခရီးသွားလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ကျောက်ပန်းတောင် – ချောက် ၊ ကျောက်ပန်းတောင် – နတ်မောက်၊ ကျောက်ပန်းတောင်း – ညောင်ဦး လမ်းပိုင်းတွေမှာ ရှိတဲ့ စစ်တပ် နဲ့ ပျုစောထီးဂိတ်တွေက ဖမ်းဆီးတာပါ။

အထူးသဖြင့် ကျောက်ပန်းတောင် – ချောက်မြို့နယ်အစပ်က ရွာတွေမှာဆိုရင် ပေါ်တာဆွဲတာကြောင့် ရွာခံလူငယ်တွေ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အခုပေါ်တာဆွဲတာ နေ့စဉ်လိုဖြစ်နေတာ ၊ လူငယ်လူရွယ်တွေက ရှောင်နေရကြတယ်၊ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ပဲ “လို့ ချောက်မြို့နယ် ၊ဂွေးချိုရွာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

အခုနှစ် ဇူလိုင်လကုန်ပိုင်းကစတင်ပြီး ပေါ်တာဆွဲတာ ကြမ်းလာတာလို့ ဒေသခံတွေဆီကသိရပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲမှာ ငွေပေးလို့ပြန်လွတ်လာသူအချို့ရှိပေမယ့် အများစုကတော့ စစ်သင်တန်းတွေဆီပို့ဆောင်ခံရတယ်လို့ဒေသခံတွေက အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် စုဆောင်းရရှိထားတဲ့ တပ်သားသစ်တွေကို သင်တန်း ကျောင်းတွေဆီပို့လိုက်ပြီး အပတ်စဉ် (၁၈) အတွက်လူစုတာတွေ စတင်လာတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။