Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းနဲ့ မြို့နယ်ချင်းစပ်လမ်းပိုင်းမှာလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲ

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီး အဖွဲ့က ခရီးသွားလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် (၁၇) အတွက် လူသစ်စုခံသူတွေကိုတွေ့ရပုံ ဓာတ်ပုံ - စစ်ကောင်စီ

စက်တင်ဘာ – ၁၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီး အဖွဲ့က ခရီးသွားလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ကျောက်ပန်းတောင် – ချောက် ၊ ကျောက်ပန်းတောင် – နတ်မောက်၊ ကျောက်ပန်းတောင်း – ညောင်ဦး လမ်းပိုင်းတွေမှာ ရှိတဲ့ စစ်တပ် နဲ့ ပျုစောထီးဂိတ်တွေက ဖမ်းဆီးတာပါ။

အထူးသဖြင့် ကျောက်ပန်းတောင် – ချောက်မြို့နယ်အစပ်က ရွာတွေမှာဆိုရင် ပေါ်တာဆွဲတာကြောင့် ရွာခံလူငယ်တွေ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အခုပေါ်တာဆွဲတာ နေ့စဉ်လိုဖြစ်နေတာ ၊ လူငယ်လူရွယ်တွေက ရှောင်နေရကြတယ်၊ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ပဲ “လို့ ချောက်မြို့နယ် ၊ဂွေးချိုရွာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

အခုနှစ် ဇူလိုင်လကုန်ပိုင်းကစတင်ပြီး ပေါ်တာဆွဲတာ ကြမ်းလာတာလို့ ဒေသခံတွေဆီကသိရပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲမှာ ငွေပေးလို့ပြန်လွတ်လာသူအချို့ရှိပေမယ့် အများစုကတော့ စစ်သင်တန်းတွေဆီပို့ဆောင်ခံရတယ်လို့ဒေသခံတွေက အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် စုဆောင်းရရှိထားတဲ့ တပ်သားသစ်တွေကို သင်တန်း ကျောင်းတွေဆီပို့လိုက်ပြီး အပတ်စဉ် (၁၈) အတွက်လူစုတာတွေ စတင်လာတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။