Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်ထဲ စစ်ကြောင်းထိုးလို့ ရွာ ၁၀ ရွာထက်မနည်းစစ်ရှောင်နေရ

မန္တလေးတိုင်း၊တောင်သာနယ်ထဲကို အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စစ်ရေးလေ့ကျင့်ပုံ ( ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

စက်တင်ဘာ – ၁၄ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊တောင်သာနယ်ထဲကို အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

တောင်သာမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်း မှာရှိတဲ့ မိတ္ထီလာ-မြင်းခြံလမ်းပိုင်း က ရုံးစည်ကြီးကျေးရွာ အနီးတဝိုက် ကရွာတွေ စစ်ကြောင်းထိုးခံရတာဖြစ်ပြီး ဒေသခံ ပြည်သူလေးထောင်ထက်မနည်း စက်တင်ဘာလ ၁၀ ရက်က စတင်တိမ်းရှောင်ရတာပါ။

“မိတ္ထီလာကနေ တိုက်ရိုက် စစ်ကြောင်းထိုးလာတာ၊ ထိတွေ့တော့ရှိပေမယ့် ပြောလို့မရသေးပါဘူး”လို့ တောင်သာနယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နယ်မြေရဲစခန်းရှိတဲ့ ရုံးစည်ကြီးကျေးရွာမှာ စစ်ကြောင်းအထိုင်ချထားသလို နေအိမ်၁၀လုံးခန့်ကို မီးရှို့ထားတယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ဆိုပါတယ်။

ရုံးစည်ကြီး၊ သံဘို၊ မဲတော၊ ညောင်ချောင်း၊ ပန်းပေါင်း၊ လက်ပတော ၊ မန်ကျည်းကုန်းစတဲ့ ကျေးရွာ၁၀ရွာထက်မနည်းက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

တောင်သာနယ်အတွင်းမှာ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုရှိနေပါတယ်။

အဲဒီထိတွေ့တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် နှစ်ဦး ဦးကျဆုံးခဲ့ရ တယ်လို့ တောင်သာ People Defense Force ပြောရေးဆိုခွင့်ရှိသူက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့်စက်တင်ဘာ ၁၀ရက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ အခု နှစ်လယ်ပိုင်းကစတင်ပြီး မြင်းခြံ၊နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်စတဲ့ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။

မြေပြင်ကခြေလျင်တပ် စစ်ကြောင်းထိုးနိုင်ဖို့အတွက် ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်ကူပေးတာ အပြင် စက်တပ်လေထီးတွေ ကိုပါသုံးပြီး တိုက်ခိုက်တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။