Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာအနီးစစ်မြေပြင်မှသင်တန်းဆင်းစစ်သားသစ် ၅ ဦး PDF ထံအလင်းဝင်

စစ်ကောင်စီအထိနာနေသော နတ်ရေကန်ဗျူဟာအနီး စစ်မြေပြင်မှ စစ်မှုထမ်းသင်တန်း ဆင်း၅ဦးသည် လက်နက်ခဲယမ်းများယူဆောင် ထွက်‌‌ ပြေးလာပြီး မင်းဘူးခရိုင်၊အမှတ် ၂တပ်ရင်းထံသို့ အလင်းဝင်လာသည်။

စက်တင်ဘာ-၁၅၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီအထိနာနေသော နတ်ရေကန်ဗျူဟာအနီး စစ်မြေပြင်မှ စစ်မှုထမ်းသင်တန်း ဆင်း၅ဦးသည် လက်နက်ခဲယမ်းများယူဆောင် ထွက်‌‌ ပြေးလာပြီး မင်းဘူးခရိုင်၊အမှတ် ၂တပ်ရင်းထံသို့ အလင်းဝင်လာသည်။

အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၇)လက်အောက်ခံတပ်ရင်း ခမရ (၅၂၀) နှင့်အတူပါလာသော စစ်မှုထမ်းသင်တန်းဆင်းများအနက်၅ဦး အလင်းဝင်လာခြင်းဖြစ်ပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့သည်ဟု မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းက ယနေ့ စက်တင်ဘာလ ၁၅ရက်၌ ထုတ်ပြန်ထားသည်။

“အလင်းဝင်တာက AAဆီရော မဟာမိတ်တွေဆီရော လမ်းသင့်ရာ ထွက်ပြေးပြီး ဝင်လာကြတာ။ တော်လှန်ရေးတပ်တွေဆီမရောက်ဘဲ ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။လွတ်သွားရင်ကောင်းတယ်။ စစ်တပ်ကပြန်ဖမ်းမိရင် မလွယ်ဘူး” ဟု AA၏ မဟာမိတ်တပ်ဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်မြေပြင်မှထွက်ပြေးစဉ် စစ်ကောင်စီကပြန်ဖမ်းမိပြီးနောက် ရိုက်နက်သတ်ဖြတ်ခံရသူအချို့ရှိကြောင်း AA ထံ ပြီးခဲ့သည့် ဇူလိုင်လက အလင်းဝင်လာသည့် စစ်မှုထမ်းသင်တန်း ဆင်းတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်ကောင်စီသည် ရှမ်းပြည်အရှေ့ပိုင်းမိုင်းပန်အခြေစိုက် စစ်‌ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများကို နတ်ရေကန်ဗျုဟာနှင့် အမ်း-ပဒါန်းလမ်းအပါအဝင်ရခိုင်နှင့် ဆက်စပ်နေသော ဧရာဝတီ၊ မကွေး၊ ပဲခူးနယ်စပ်ဒေသများရှိ စစ်မြေပြင်သို့ ပို့ဆောင်ပြီးစစ်ကြောင်းထိုးနေသည်။ အဆိုပါတပ်ရင်းများတွင် စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားသူ ထောင်ချီပါဝင်လာသည်ဟု AA ကစက်တင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထား သည်။

စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် ရှေ့တန်း၌ မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါကအချိန်မရွေးလာရောက်နိုင်ကြောင်း AAက အသိပေးထားသည်။ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ပို့ဆောင်ပေးမည်ဖြစ်ပြီး AA ထံတွင် တာဝန်ထမ်းဆောင်လိုပါက ကာယကံ ရှင်၏ ဆန္ဒကို လိုက်လျော၍ အကောင်းဆုံး ကူညီမည်ဟု​ကြေညာထားသည်။

ပြည်သူနှင့်ပူးပေါင်းလိုသောစစ်ကောင်စီတပ်သားများကို လက်ခံကြိုဆိုနေကာလူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့် အလင်းဝင်ပါက ဆုငွေများ ချီးမြှင့်ပေးသွားမည်ဟုမင်းဘူးခရိုင်အမှတ်၂တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

"ဇတ်တူသားချင်းအစားခံရတာ"လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။