Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်း လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအဝင် ၆ဦး သေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၃ရက်က မတ္တရာနယ် ဝေါရွာသစ်ကျေးရွာအား လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-MDY-PDF

စက်တင်ဘာ−၁၆၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းက ဒီယာရွာနဲ့ ဥက္ကံကျေးရွာကို စက်တင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လည် ၁နာရီခွဲအချိန်မှာ တံတားဦးနဲ့ မိတ္ထီလာလေတပ်က တက်လာတဲ့ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှု မှာ ကလေးငယ်တွေအပါအဝင် အမျိုးသား၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တဦးက ဆိုင်ကယ်မောင်း နေရင်းမှန်တာ။ခေါင်းပြတ်ထွက်သွားတယ်။ခေါင်းပါ ရှာမတွေ့တော့ဘူး”လို့ Wetlet information Network က ကိုနဂါးလေးက ပြောပါတယ်။

စစ်ကောင်စီက ပေါင်၅၀၀နဲ့ ပေါင် ၃၀၀‌ဗုံးတွေ ကြဲချခဲ့တာလို့ သိရပါတယ်။

စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကို ‌‌ တရစပ်လေကြောင်းတိုက်ခိုက်နေပြီး စက်တင်ဘာ ၁၃ ရက်ကလည်း မတ္တရာမြို့နယ်၊အင်ကြင်းမြိုင်ရွာအနီး လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook