Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းလူငယ် ၁၄ ဦး အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေဟု ကလေးခရိုင်ပကဖ ပြော

စစ်ကောင်စီပေါ်တာဆွဲဖမ်းဆီးခဲ့သည့် စစ်မှုထမ်း လူငယ် ၁၄ ဦး လက်နက်များဖြင့်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ စက်တင်ဘာ ၁၇ရက်တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ - ကလေးခရိုင် ပကဖ

စက်တင်ဘာ -၁၇ ၊၂၀၂၅။ဇော်ဝင်း /People’s Spring

စစ်ကောင်စီပေါ်တာဆွဲဖမ်းဆီးခဲ့သည့် စစ်မှုထမ်း လူငယ် ၁၄ ဦး လက်နက်များဖြင့်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ စက်တင်ဘာ ၁၇ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခံရသူများသည် ယခုနှစ်ဇူလိုင် နှင့် ဩဂုတ်လ အတွင်း၌ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများဖြင့် ခိုလှုံလာခြင်းဟု ဆိုသည်။

ပါရှိသည့် လက်နက်ခဲယမ်းများအရ MA-3 အမျိုးအစားလက်နက် ငါးလက်၊ MA-1 လက်နက် နှစ်လက်နှင့် ကျည်များပါရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ခိုလှုံလာသော တိုင်းရင်းသားလူငယ်လူရွယ် များကို အရေးပေါ် ဆုတော်ငွေအဖြစ် တဦးလျှင် ငွေကျပ် သိန်းသုံးဆယ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ခိုလှုံလာသူများသည် တော်လှန်ရေးရဲဘော် များနှင့်အတူ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပြီးဟုလည်းဖော်ပြသည်။

“ယာဥ်တိုက်မှုဖြစ်တယ်။ ထောင်ကျခံမလားစစ်မှုထမ်းမလား။အဲဒီလိုလူတွေပါသလို အထည်ချုပ်စက်ရုံကလူငယ်တွေရော။ရန်ကုန်မှာ ညနက်ဘောပွဲကြည့်ပြီး အပြန်ဆွဲခံရတဲ့သူ တွေလည်း ပါတယ်”ဟု ကလေးခရိုင် ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောသည်။

ခိုလှုံလာသည့် စစ်မှုထမ်းသူများတွင် အသက်(၁၈)နှစ်အရွယ်များပါရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် တိုင်းရင်းသား လူငယ်လူရွယ်များအား လူမျိုးပျက်သုန်းစေရန်ရည်ရွယ်၍ လက်နက်အားကိုး အဓမ္မပေါ်တာဆွဲ၍ စစ်မြေပြင်၌ အသေခံစေကာ အာဏာရှင်သက်ဆိုးရှည်စေရေးအတွက် လူမဆန်စွာ လုပ်ဆောင်နေကြောင်း အသိပေးသည်။

ရှေ့တန်းစစ်မျက်နှာနှင့် မြို့၊ ရွာများ၌ ပြည်သူများအချင်းချင်း ပြန်လည်သတ်ဖြတ်ရမည့် အမိန့်ပေးမှု၊ စေခိုင်းမှုများအား ဆန့်ကျင်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အဓမ္မစစ်မှုထမ်းရသူများအလုံးအရင်းဖြင့် အလင်းဝင်ရောက်နေသည်ဟုလည်း ကလေးခရိုင်ပကဖက ဆိုသည်။

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက သြဂုတ် တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။