Connect with us

Hi, what are you looking for?

သတင်း

ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲဂုဏ်ပြုကားလို့လူတွေသိသွားပြီးတဲ့နောက်ပါဝင်တဲ့သရုပ်ဆောင်တွေထဲက တချို့ဟာ ပရက်ရှိုးလည်းမတက်တော့ဘဲ ဆိုရှယ်မီဒီယာမှာပါ အဲဒီဇာတ်ကားအကြောင်း မတင်ရဲကြတော့ဘူးလို့ သိရပါတယ်။

စက်တင်ဘာ-၁၈၊၂၀၂၅။တိုးနေဝင်း/People’s Spring

စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲဂုဏ်ပြုကားလို့လူတွေသိသွားပြီးတဲ့နောက်ပါဝင်တဲ့သရုပ်ဆောင်တွေထဲက တချို့ဟာ ပရက်ရှိုးလည်းမတက်တော့ဘဲ ဆိုရှယ်မီဒီယာမှာပါ အဲဒီဇာတ်ကားအကြောင်း မတင်ရဲကြတော့ဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဘဝကိုစားသော ကိန်းဂဏန်းများရုပ်ရှင်ဟာ ရဲတပ်ဖွဲ့ဂုဏ်ပြုကားလို့ လူတွေသိသွားခဲ့ကြပါတယ်။ အဲဒါကြောင့် ပါဝင်တဲ့သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဆိုရှယ်လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကြေညာတာ မတွေ့ရတော့ပါဘူး။

အနုပညာလောကနဲ့ဆက်နွယ်သူတဦးက”ရှိုးမှာ ဒါရိုက်တာတွေလာကြည့် ကြတာမြင်မိသည်။ သရုပ်ဆောင် တွေလဲ လာကြသည်။သို့သော်ပို့စ်တွေ တင်တာတော့ သိပ်မမြင်ရချေ။”လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မင်္ဂလာရုပ်ရှင်ရုံ Page ကလည်း သာမန်ဇာတ်ကားများ ပရက်ရှိုးပြတိုင်း Live လွှင့်ပေးခဲ့ပေမဲ့ ဒီဇာတ်ကားကိုတော့Liveလွှင့်တာမရှိပါဘူး။ ဒါ့အပြင် မင်္ဂလာရုပ်ရှင်လုပ်ငန်းစုဟာတခြားကားတွေဆိုရင်မတင်ခင်တပတ်လောက်အလိုကတည်းက Post ပေါင်းများစွာ နေ့စဥ်တင်ပေးလေ့ရှိသော်လည်း ရဲဂုဏ်ပြုဇာတ်ကားကိုတော့ ပိုစတာပုံနဲ့ ဇာတ်ကားနမူနာတခုပဲ တင်ပေးခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် Press Show မှာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေထဲက အနည်းငယ်သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကနေရာက ပါဝင်ထားတဲ့ တေဇလင်းရောင်ဟာ ပွဲတက်ခဲ့ခြင်းမရှိသလို သူ့လူမှုကွန်ရက်မှာလည်း ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှတင်မထားခဲ့ပါဘူး။ ရှေ့မှာတင်တဲ့ နှောင်ကြိုးဝိုင်းဇာတ်ကားကိုတော့ ပွဲလည်းတက်ခဲ့သလို Facebook မှာလည်း Post တွေတင်ပေးခဲ့ပါတယ်။ အလားတူ Press Show တိုင်းမပျက်မကွက်တက်တတ်တဲ့ ခင်လှိုင်လည်းဒီပွဲမှာတက်လာတာမတွေ့ရပါဘူး။

ဘဝကိုစားသောကိန်းဂဏန်းများရုပ်ရှင်ဟာအောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် စစ်တပ်လက်​အောက်ခံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းကာလအတွင်း ပြည်သူတွေရဲ့ တူးတူးခါးခါးမုန်းတီးမှုကို ခံယူထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုထားတာမို့ ပြည်သူတွေလာမကြည့်မှာစိုးလို့ ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းဆိုတာကိုဖျောက်ပြီးသာမန်ဇာတ်ကားတကားလို ရုံတင်ဖို့ ကြိုးစားခဲ့တာပါ။

အဲဒီဇာတ်ကားဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားဖြစ်တာမို့ အခြားကားတွေလို တန်းစီစရာမလိုဘဲ ကြားဖြတ်တင်တာဖြစ်ပါတယ်။ဒီအ​ကြောင်းကို People’s Spring ကစက်တင်ဘာ ၁၄ရက်​နေ့မှာ​ရေးသား​ဖော်ပြခဲ့ပါတယ် ။

ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတာကတော့ စစ်တပ် ဝါဒဖြန့်ဇာတ်ကားအများအပြားကို အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့တဲ့၊ စစ်တပ်ဝါဒဖြန့် ဇာတ်ကား “စောင်နီလေးတထည်” နဲ့ အကယ်ဒမီပါရခဲ့တဲ့၊ လက်ရှိလည်း စစ်ကောင်စီအရာရှိတဦးဖြစ်တဲ့ တင်အောင်စိုး(ပန်းမြို့တော်)ဖြစ်ပါတယ်။ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ဟာ မြဝတီမဂ္ဂဇင်း၊ မြဝတီရုပ်မြင်သံကြားတို့မှာ တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ စစ်ကောင်စီ အရာရှိတဦးပါ။

သရုပ်ဆောင်တွေအနေနဲ့ စစ်ကောင်စီကိုအားပေးတဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ခင်လှိုင်၊ ဆုပန်ထွာ၊ ကြည်စိုးထွန်းသား ချမ်းသာကြည်စိုး၊ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ တေဇာကျော်၊ ဟင်နရီစံ၊ ဝေလာရီ၊ စုလင်းရှိန်၊ ထွန်းပုလဲရတနာ၊ ချိုမဒီသွင်တို့ ပါဝင်ပါတယ်။ 

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။