Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် အရှေ့ဒဂုံရပ်ကွက်ရုံးကို ‌မြို့ပြအဖွဲ့တွေ တိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ (၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးခန့် ဒဏ်ရာရကြောင်း Operation Flame သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စက်တင်ဘာ-၁၉၊ ၂၀၂၅။ သတိုး/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ (၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးခန့် ဒဏ်ရာရကြောင်း Operation Flame သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ဆင်ရေးကို ဒီနေ့ မနက်အစောပိုင်း ၂နာရီကျော်မှာ Operation Flame နဲ့ Yangon UG People Army – YUPA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

Operation Flameဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသူတွေကို Fire Power စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က Operation Flame က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးနဲ့ အမှတ် (၆) ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

Operation Flame ဟာ စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့အတူ လက်တွဲပြီး အကြမ်းဖက်

စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ